Daisy

322 42 5
                                    

တေးသံခပ်ဆွေးဆွေးလေးကနားထောင်ဝင်လာသလိုဘဲ ဘေးဘီယာဘက်မှာလဲ တစ်ယောက်နဲ့တစ်ယောက်စကားပြောသံကလည်းနားထဲအတင်းတိုးဝင်ရင်း.....
ဆိုင်ပေါက်လေးကိုဝင်လာတဲ့သူ သူမြတ်နိုးရဆုံးသူ....

'စောင့်ရတာကြာသွားလား ချန်း.....'

အရပ်ရှည်ရှည်ဖြူဖြူချောချောနဲ့ တစ်ဆိုင်လုံးရဲ့အကြည့်ကထိုလူသားဆီမှာ မနာလိုစရာကောင်းအောင်ထိုလူကချောလွန်းနေသည်မှာအမှန်ဘဲ......

'ငါလဲခုလေးတင်ရောက်တာဘဲ ဟွန်း.....'

ထိုလူကခေါင်းငြိမ့်လိုက်ပြီး.....

'ငါဂျယ်အင်းကို လိုက်မလို့သူ့ကိုတကယ်ကြိုက်တာ မင်းကူညီမယ်မလား......'

ကိုယ်ကဒီလူသားကိုချစ်တယ်ဆိုပြီးဖွင့်ပြောပြီးကတည်းက ဒီလူသားကိုယ်ပေါ်မှာအနိူင်ယူရက်လေသည်...
သူဂေးမဟုတ်ဘူးဆိုပြီး ငြင်းလွှတ်တဲ့သူကတစ်ပတ်ကြာပြီးပြန်ဆက်သွယ်လာတာက မိန်းကလေးတစ်ယောက်ကိုကြိုက်လို့ကူညီပေးပါဆိုပြီးတောင်းဆိုလာခဲ့သည်.....
ဘယ်ချိန်ထိအနိုင်ယူမလဲဆိုသာမသိပေမယ့် အနိုင်ပေးထားမှန်းသိရက်နဲ့ကို.....
ခေါင်းငြိမ့်လိုက်လားခေါင်းခါလိုက်လားမသိတော့ဘူး ထွက်သွားတဲ့ကျောပြင်ကိုကြည့်ရင်း.....
ဆယ်စုနစ်တခုကြာတဲ့ထိဘေးမှာနေပေးခဲ့တဲ့ငါ့ပေါ်စိတ်နည်းနည်းလေးတောင်မရှိဘူးလား .....
အမြဲတမ်းငေးကြည့်နေခဲ့ရာကနေ ပိုင်ဆိုင်ချင်တဲ့လောဘလေးတက်လာတဲ့အခါ ဖွင့်ပြောမိတော့ ချစ်ရသူရဲ့အငြင်းဝါကျက နားထဲသိသိသာသာ အခွင့်ကြုံရင်ပြောချင်မိတယ် ငါ့ကဂေးမဟုတ်ဘူး မင်းတစ်ယောက်တည်းကိုဘဲချစ်မိတာပါလို့ ငါ့ကြိုက်နေတာကယောကျာ်းလေးတစ်ဦးဖြစ်သွားခဲ့တာလေးတင် မင်းတစ်ယောက်ကြောင့်ဂေးတယ် ဂေးတယ်ဘဲထားပါတော့.....
အေးစက်နေတဲ့ကော်ဖီခွက်လေးကိုမော့သောက်ရင်း
"ပူလိုက်တာ" မျက်ရည်ပါဝဲမိတယ် လျှာကျက်သွားပုံဘဲ.....
~~~~~~~~~~~~~~~~~~~~~~~~~~~~
ခြံတံခါးကိုဖွင့်ပြီး ပိတ်လိုက်တယ် သွားနေကြခြေထောက်တွေက ဦးတည်ရာတခုတည်း......
ဟွန်းက စောစောသွားနင့်ပြီဆိုသည့်စကားကြောင့် သူမေ့သွားသည်....
ဖွင့်ပြောပြီးအတူတူမသွားတော့သည်မှာတစ်ပတ်ကျော်ပြီးဖြစ်သည်.....
ကျောင်းကိုဦးတည်လိုက်တော့ ကျောင်းရှေ့မှာ ဂျယ်အင်းနဲ့စကားတွေတစ်ပြောပြောနဲ့ ရယ်နေတဲ့ဟွန်းကိုကြည့်ပြီး သူထပ်နာကျင်ရပြန်ပြီ....
အကူညီမလိုဘဲအဆင်ပြေနေတာမြင်တော့ ဟွန်းအစားသူပါပြုံးလိုက်မိသည်....
တကယ်ဆိုငေးကြည့်ခြင်းမပိုင်ဆိုင်ရခြင်းမှာနေသားကျနေခဲ့ပြီးပြီးဖြစ်တယ် ဒါကိုကိုယ့်နေရာကိုယ်မသိဘဲရောင့်တက်လာတဲ့စိတ်ကြောင့် သူဖွင့်ပြောမိတာမှားသွားခဲ့သည်
သူကြိုတွေးထားထက်ကိုပိုနာကျင်ရတယ် ဆက်လျောက်မယ့် ခြေလှမ်းတွေကိုနောက်ပြန်ဆုတ်ပြီး ကျောခိုင်းလိုက်သည်.....
သူဒီနေ့ကျောင်းပျက်လိုက်တော့မည် တကယ်ဆိုကျောင်းမှာလဲဟွန်းကလွဲတခြားသူငယ်ချင်းမရှိပေ သူငယ်ချင်းအဆင့်ကိုကျော်မိတဲ့အခါ ထပ်ကာနာကျင်ရသူကသူဘဲဖြစ်ပြန်သည် တချိန်ထဲချစ်ရသူရောသူငယ်ချင်းရောကိုပါဆုံးရူံးမူကိုခံစားလိုက်ရသည်....
ဖွင့်မပြောလိုက်ရရင်ကောင်းသားဘဲဆိုတဲ့အတွေးတွေက ယောက်ယက်ခက်နေပြန်သည်.....
.
.
.
.
.
.
309ဘတ်စ်ကားကိုစီးရင်မြို့ပြင်ကDaisyပန်းခင်းကိုရောက်မယ် သူတစ်နေကုန်အမှာဘဲနေလိုက်မယ် သူကDaisyပန်းခင်းထဲကCommon Daisyပန်းတွေကိုငေးကြည့်ရတာသဘောကျတယ် အဖြူရောင်ပွင့်ဖတ်တွေရဲ့အလယ်မှာအဝါရောင်ဝတ်မူန်တွေရှိနေတာကထူးခြားသည်....
ဘတ်စ်ကားဂိတ်ကိုရောက်တော့ ကံကောင်းသည်လားမသိ ရောက်ရောက်ခြင်းမှာပင်ကားကရောက်လာသည်နှင့်တက်လိုက်လာခဲ့တော့သည် တစ်ယောက်နစ်ယောက်လောက်ဘဲရှိတဲ့ကားပေါ်မှာ နောက်ဆုံးအတန်းကို​ရွေးလိုက်သည်.....
ရောက်ရန်တစ်နာရီကျော်လောက်သွားရတဲ့နေရာဖြစ်တာကြောင့် ဖုန်းအပေါက်ထဲ နားကျပ်ထိုးလိုက်ပြီး နားမှာတပ်ဆင်ကာ ခပ်ဆွေးဆွေ သီချင်းသံကဝင်​ရောက်လာခဲ့တော့သည်....
အပြင်ဘက်ကိုကြည့်တာမျက်လုံးညောင်းလာတာကြောင့်မှိတ်ချလိုက်တယ်....

 DaisyWhere stories live. Discover now