"TaeTae လာလေ ငါတို့နဲ့လာဆော့လေ"
"တော်ပြီ ငါမဆော့ချင်ဘူး နင်တို့ကညစ်တယ်"
"လာပါ မညစ်တော့ဘူး ငါ့ကိုယုံ"
"နင်တကယ်ပြောတာလား!? နင်လိမ်ရင် နင့်မျက်နှာကိုအရသာခံခိုင်းမယ်(ထိုးကြိတ်ခြင်း)"
"မလိမ်ပါဘူးငါ့ကိုယုံ"
လှပတဲ့ညနေခင်းလေးမှာ ကလေးတစ်သိုက် ဟိုပြေးဒီပြေးဆော့ကစားနေကြသည် နေစောင်းနေပြီဖြစ်၍ မိဘများကပြန်လာကြရန် အိမ်အပေါက်ဝမှ လှမ်းအော်ခေါ်နေကြသည်
"Kim Tae သမီးပြန်လာခဲ့တော့လေ အိမ်စာတွေလုပ်ရဦးမယ်"
"Soo Min သားလာခဲ့တော့ မိုးချုပ်နေပြီ"
"ဟဲ့ Tae Tae ညကျရင်စာတူတူလုပ်မယ် ငါ့ကိုစောင့်ဦး ရေချိုးလိုက်ဦးမယ်"
"နင်နောက်မကျနဲ့နော် ငါကတော့မစောင့်ဘူး"
"Yes sir"
စပ်ဖြဲဖြဲမျက်နှာထားနဲ့ Soo Min ကို Kim Tae မျက်စောင်းထိုးပြီး အိမ်အပေါ်ပြေးတက်သွားသည်
♡ညရောက်သော်♡
"Yaa Tae Tae မနက်ဖြန်ကျရင်ကျောင်းကိုကျောင်းသားသစ်ရောက်လိမ့်မယ်တဲ့"
"အဲ့တာ နင်နဲ့ဆိုင်လား?? Arjuuma ဒီမှာ Soo Min စကားများနေပါတယ် စာမလုပ်ဘဲနဲ့ "
"Gaar Tae Tae နင်မယုတ်ပတ်နဲ့ ငါကနင်မသိသေးဘူးထင်လို့ပြောပြတာ သွားနောက်မပြောပြဘူး နင့်ကိုဘာအကြောင်းမှ"
"Aigoo Soo Minလေးစိတ်ကောက်နေတာလား!?"
"သွားနင့်ကိုမခေါ်ဘူး ငါ့ကိုစကားလာမပြောနဲ့"
"သေချာလား!?"
"သေချာတယ်"
"Okay"
♡၁၅ မိနစ်ကြာသော်♡
"Yaa Tae Tae "
"....."
"Tae Tae လို့"
"ဘာလဲ!?"
"ဘာလို့ငြိမ်နေတာလဲ!?"
"နင်ဘဲစကားလာမပြောနဲ့ဆို ခုကဘာဖြစ်ပြန်ပြီလဲ!?"
"နင်ကလည်း နေနိုင်လိုက်တာ"
"အယ်"
အဲ့တာကိုဘဲကြည့်တော့ သူဘဲအမျိုးမျိုး Kai Soo Min နဲ့ Kim Tae Tae ဆိုတာ ဟိုးငယ်စဉ်ကတည်းက သူငယ်ချင်းတွေ Soo Minကတစ်ဦးတည်းေသာသားဖြစ်တာေကြာင့် Tae Taeအပေါ်ကိုအရမ်းခင်တွယ်ရှာသည် Tae Taeမှာက ညီမလေးတစ်ယောက်ရှိသည် ထိုညီမလေး၏ နာမည်က Kim Tae Hee ,Tae Hee က Tae Tae နဲ့ သိပ်အကြောမတည့် Tae Taeကထက်မြက်သည် စာတော်သည် အားကစားဖက်မှာလည်း အမြဲပထမ အရာရာမှာသူမက ထိပ်ဆုံးနေရာရသည် အဲ့အတွက်ကြောင့် မိဘများက သမီးငယ် Tae Hee ထက် သမီးကြီး Tae Taeကို ပိုဦးစားပေးသည် Tae Taeနဲ့Tae Hee တို့ရဲ့အသက်ကွာခြားမှုမှာလည်း တစ်နှစ်သာကွာဟသည် ထို့ကြောင့်ကျောင်းတူတူတက်ရသည် အတန်းပညာအတူတူသင်ရသည် Tae Hee ကပညာရေးတွင်စိတ်မဝင်စား တစ်နေ့တစ်နေ့ အလေလိုက် ပျော်ပါးနေတတ်သည်