EXPECTANCY

11 0 0
                                    

၆'၁" ‌အရပ်ပိုင်ရှင်ကောင်လေးတစ်ယောက်က ကိုယ့်အပိုင်ဖြစ်ခဲ့ဘူးတယ်။
မနက်၇နာရီမှာကျောင်းစတက်ပေမယ့် ၆နာရီမိနစ်၂၀တိတိမှာ စက်ဘီးတစ်စီး သူငယ်ချင်းနှစ်ယောက်နဲ့ကိုယ်တို့လမ်းထိပ်ကို အဲ့ကောင်လေးရောက်နေခဲ့ပြီ။
၆နာရီခွဲဝန်းကျင်မှာ ကျောင်းသွားဖို့ပုံမှန်လမ်းထိပ်ရောက်နေကျကိုယ့်ကိုစောင့်ပြီး ကိုယ့်နောက်ကနေဘာအနှောင့်အယှက်မှမပေးပဲ အေး‌ေဆးလေးလိုက်လာတတ်တဲ့ကောင်လေး။
ကိုယ့်အတွက် မူလတန်းအရွယ်တည်းကတည်ရှိလာတဲ့သံယောဇဉ်ကို ပြောင်းလဲဖို့က တကယ်ကိုမလွယ်ခဲ့ဘူး အဲ့ကောင်လေးကနားလည်ပေးပြီး စောင့်ပေးခဲ့သေးတာ။
သူ့ပိုက်ဆံအိတ်ထဲမှာ ကိုယ့်ကျောင်းသားကဒ်ကပုံနဲ့ဆင်တူပုံလေး နေရာယူခဲ့ဖူးတယ်။
သူ့ phone wallpaper မှာလည်းကိုယ့်ပုံလေးရှိခဲ့ဖူးတယ်။
Veins တွေထင်းနေတဲ့သူ့လက်ကောက်ဝတ်မှာလား ကိုယ်နဲ့ဆင်တူ couple watch လေးနေရာယူဖူးတယ်။
ကိုယ့်စာအုပ်ကြားထဲမှာလည်း သူနေ့တိုင်းလာပေးတတ်တဲ့ သကြားလုံးခွံတွေရှိခဲ့တယ်။
သူအရမ်းသဘောကျျပြီး အထိမခံဖြစ်လွန်းတဲ့ အနီရဲရဲ ဦးထုတ်လေးကလည်း ကိုယ့်လက်ထဲမှာ ဆော့စရာဖြစ်ခဲ့ဖူးတယ်။

ကြားထဲမှာတွဲလိုက်ပြတ်လိုက်ဖြစ်ခဲ့တဲ့အချိန်တွေပါ ထည့်တွက်ရင် ကောင်လေးနဲ့ကိုယ်ရဲ့ RS သက်တမ်းက သုံးနှစ်နီးပါး အဲ့အချိန်အတွင်းစိတ်ရှုပ်စရာ ဝမ်းနည်းစရာတွေရှိခဲ့ပေမယ့် ကြည်နူးစရာတွေများခဲ့ပါတယ်။
ကိုယ်တကယ်သူ့ကိုသဘောကျခဲ့ပါတယ်။ အချိန်တန်ကိုယ့်ဆီပဲပြန်ရောက်လာပြီး ကိုယ့်အပိုင်ပဲဖြစ်နေဦးမှာလို့တွေးခဲ့ဖူးတယ်။
အချစ်ဦးနဲ့ဘယ်တော့မှမပေါင်းရဘူးလို့ လူကြီးတွေပြောတာကြားဖူးတယ်။ အဲ့ကောင်လေးက ကိုယ့်အချစ်ဦးဖြစ်ခဲ့တဲ့ပုံပဲ။

ခုချိန်မှာသူနဲ့တွေ့လည်းဘာမှမဖြစ်တော့ဘူး ကိုယ့်ဘာသာနေနိုင်နေပြီ ဘာခံစားချက်မှမရှိတော့ဘူးလို့ ကြွေးကြော်ထားသမျှက မျက်နှာချင်းဆိုင်တွေ့လိုက်ရတဲ့အနေအထားမှာ လက်တွေတုန်ပြီး လည်ချောင်းတွေပါခြောက်လို့ တစ်ယောက်တည်းကမ္ဘာတွေပျက်နေခဲ့တာက ရယ်တော့ရယ်ချင်စရာ။

ကိုယ်တို့နှစ်ယောက်မှာ ဘယ်သူ့ဘက်ကစမှားခဲ့ကြတာပါလိမ့်။ ကိုယ်ပိုင်တဲ့ ကိုယ့်နေရာမှာ တခြားသူနေရာယူနေတာကိုကြည့်နေရတာ တကယ်ခံရခက်လိုက်တာ။

အရိုးသားဆုံးဝန်ခံပါတယ် ကောင်လေးရေ ကိုယ်တကယ်လွမ်းနေပါတယ်။ IG က post ကိုမြင်တိုင်း နာကျင်ရပါတယ်။ 🖤

EXPECTANCYWhere stories live. Discover now