မချစ်ဘူးနော်...လုံးဝ...ဟင့် part16

1.7K 118 10
                                    

ZG
ရှောင်းကျန့်အိမ်ပြန်ရောက်လာကတည်းက အခန်းထဲမှာ
ငိုနေတာညနေတောင်စောင်းနေပြီ

ဒေါက်..ဒေါက်..ဒေါက်..ကျန့်ကျန့်ကိုယ်ဝင်လာမယ်နော်

ဝမ်ချောင်ရဲ့အသံကြားတော့ မျက်ရည်တွေကိုသုတ်လိုက်ပြီး
အင်..ဝင်ခဲ့လေ...

ဝမ်ချောင်ဝင်လာခဲ့ပြီး ချစ်ရသူကိုကြည့်လိုက်တော့
မျက်ရည်မိုးများရှာသွန်းထားမှုကြောင့် ဖောင်းကားနေသော
မျက်လုံးလေး နှဂိုကကြည်လင်နေတဲ့မျက်လုံးလေးက
အနီရောင်ပြောင်းနေလေသည်

ကျန့်ကျန့် ပြန်လာကတည်းက အခန်းထဲအောင်းနေတာ
ဗိုက်ဆာရောပေါ့ အောက်ထပ်မှာ ထမင်းပြင်ထားတယ်
လာသွားစားရအောင်နော်

ရှောင်းကျန့်မငြင်းတော့ပါ တကယ်လဲဗိုက်ဆာနေသည်ကိုး

ထမင်းစားနေတဲ့ တစ်လျောက် ထိုင်ကြည့်နေတဲ့
ဝမ်ချောင်ကြောင့် စားရမှာတောင် အင်တင်တင်ဖြစ်ခြင်လာ
သည် ထို့ကြောင့်

ဝမ်ချောင်

အင်ပြောလေ

ဟို.ငါ့ကိုအဲ့လောက်ကြည့်မနေနဲ့လေ
ငါမစားတတ်တော့ဘူး

အော် ကိုယ်ကလေ ကျန့်ကျန့်ကို ဒီလိုကြည့်ခြင်နေတာ
ကြာပြီ သိလား ကိုယ်တက္ကသိုလ်မှာ ကျန့်ကျန့်ကို
စတွေ့ကတည်းက ကျန့်ကျန့်လေးက အရမ်းချစ်စရာကောင်းတာဘဲ

အဲ့ဆို ငါဗိုက်ဝပြီ အပေါ်တက်တော့မယ်..
စကားစဖြတ်လိုက်သည်

အော် အေအေ..

(ဝမ်ချောင်မျက်နှာ အနည်းငယ်ညှိးသွားတာတွေ့လိုက်တယ်
မတတ်နိုင်ဘူး မချစ်လာနိုင်တဲ့ လူတစ်ယောက်ကို
မျှော်လင့်ချက်တွေမပေးခြင်ဘူး ရိပေါ်က
ကိုယ့်ကိုမျော်လင့်ချက်ပေးခဲ့တဲ့သည့်တိုင်
ချစ်လာခဲ့တာမဟုတ်တော့ ကိုယ်ဘဲနာကျင်ခဲ့ရတာလေ
ဝမ်ချောင်ငါတို့ လက်ထပ်ခဲ့ရင်တောင် သူငယ်ချင်း
အဖြစ်နေသွားရအောင် ဘာလို့လဲလို့မေးရင်
မင်းနာကျင်မှာဆိုးလို့ပေါ့ ငါ့လို
ဝမ်ချောင်တောင်းပန်ပါတယ်နော်)
သူမသိခဲ့တာလား သူမချစ်ပေးနိုင်ရင် ပိုနာကျင်မယ်ဆိုတာကို

မချစ်ဘူးနော် လုံးဝ....ဟင့်[Yizhan]Nơi câu chuyện tồn tại. Hãy khám phá bây giờ