ချစ်​ရပါ​သော ညီ

2 0 0
                                    

' ငါမင်းကို ချစ်​တယ်​ ´

မိုးရွာထဲမှာ ရပ်​​နေတဲ့  အဖြူ​ရောင်​ဝတ်​စုံနဲ့ ​ကောင်​​လေးတစ်​​ယောက်​ ။  ပြီး​တော့ ထို​ကောင်​​လေးရဲ့ ပုံစံဝါအရမ်းကို ​ ​မျှော်​လင့်​​နေတဲ့ပုံစံဖြစ်​​နေသည်​ ။ တစ်​ဖက်​က မိုးရွာထဲမှာ ဝိုးတိုးဝါးတားရပ်​​နေတဲ့ ပုံရိပ်​တစ်​ခု ။ထိုလူက အံ့ သြ​နေ​ပေမယ့်​  ထို​ကောင်း​လေးပုံစံက ပြန်​တည်​ငြိမ်​သွားသည်​ ။

' ဟား.... ဟား......´

' ဟား....... ဟား....´

' မထင်​ရဘူး မင်းက အ​ခြောက်​ဖြစ်​လိမ့်​မယ်​လို့ ´

' ​ဟေ့​ကောင်​​တွေ လာစမ်းပါအုံး ငါတို့ထဲမှာ အ​ခြောက်​တစ်​​​ယောက်​ပါတယ်​ကွ´

ထို​ကောင်​​လေးက အသံကျယ်ကျယ်​နဲ့ လှမ်း​အော်​တဲ့အခါမှာ​တော့ မိုးသည်းထဲမှာ ​​ကောင်​​လေး ​လေးငါး​ယောက်​ထွက်​လာကြသည်​ ။ ဝမ်းနည်းစွာနဲ့ တစ်​​ယောက်​တည်းရပ်​​နေတဲ့ ​ကောင်​​လေးက ရင်​ကွဲမတက်​ငို​ကြွေး​နေခဲ့သည်​ ။ ဒါ​ပေမယ့်​ သူတိုးတိုး​လေး​ပြော​နေတယ့်​စကားက

' ငါက အ​ခြောက်​မဟုတ်​ပါဘူး ´

' ငါက ချစ်​မိရုံ​လေးတင်​ပါ ´

" ဒုန်း....

မြတ်​လင်း ခန္ဒာကိုယ်​က အသံတစ်​ခု​ကြောင့်​ ဆက်​ခနဲတုန်​သွားသည်​ ။ သူ့ နားထဲ ဆူညံသံ​တွေ​ကြောင့်​ ထိုအရာက အိပ်​မက်ဖြစ်​​ကြောင်းသိလိုက်​တဲ့အခါမှာ
စိတ်​ချလက်​ချ  မျက်​လုံးတို့မှိတ်​ထားလိုက်​သည်​ ။

" ​ဟေး နင်​က အရမ်းအိပ်​တာပဲ​နော်

မြတ်လင်း မျက်​လုံး​တွေ​ပွင့်​လာသည်​ ။သူထိုင်​​နေတဲ့ ​နေရာက အတန်းရဲ့ ​နောက်​ဆုံးတန်း ဘယ်​သူမှမထိုင်​ချင်​တဲ့ ​နေရာ ။

" အင်းငါကအိပ်​ရတာကြိုက်​တယ်

သူတစ်​ဖက်​က​ကောင်​​လေးကို ကြည့်​လိုက်​​တော့ သူ့ရဲ့ အိပ်​ချင်​တဲ့စိတ်​​တွေ​တောင်​​ပျောက်​သွားတယ်​ ။ မိတ်​ကပ်​ အထူကြီးလိမ်းထားပြီး နှုပ်​ခမ်းနီကို ရဲ​နေ​အောင်​ဆိုးထား​လေသည်​ ။ သူ့ ကိုရယ်​ပြ​နေတာ​ကြောင့်​ ​ရှေ့ ကသွားမှာ​တောင်​ နှုပ်​ခမ်းနီ​တွေ​ပေ​နေသည်​ ။သူဆံပင်​​မွေး​တွေ​တောင်​​ထောင်​သွားသည်​ ။

You've reached the end of published parts.

⏰ Last updated: Jul 31, 2020 ⏰

Add this story to your Library to get notified about new parts!

ချစ်​ရပါ​သော ညီ Where stories live. Discover now