🕌 Palace (Zg) 🔞

5.8K 261 14
                                    

မငိုပါနဲ့သားလေးရယ်...ပါးပါးကပေါ်ပေါ်ကို မားမားနေရာရော ပါးပါးနေရာရော လုပ်ပေးမယ်နော် အဲ့တာကြောင့် မငိုနဲ့တော့ တိတ် တိတ်"

ရိပေါ်နောက် လိုက်လာတဲ့ရှောင်ကျန့်က ပေါ်ပေါ်ပြောတဲ့စကားတွေကြားပီး စိတ်မကောင်းဖြစ်နေမိသည်

"ပါးပါး ဟိုဦးဦးကအရမ်းချောတာပဲ ဘယ်သူလဲဟင်? ပီးတော့ ပေါ်ပေါ်လိုပဲ နှုတ်ခမ်းအောက်မှာ မှည့်လည်းပါတယ်"

နောက်ကရှောင်ကျန့်ကို လက်ညှိုးညွှန်ပီးပြောနေတဲ့သားတော်မောင်ကြောင့် ရိပေါ်မှာ ဘယ်လိုပြန်ပြောရမှန်း မသိဖြစ်နေတယ်...ထိုအချိန် ရှောင်ကျန့်က ပေါ်ပေါ်ရှေ့ဒူးထောက်ထိုင်ချလိုက်ပီး ပခုံးနှစ်ဖက်ကိုကိုင်ကာ

"ဒယ်ဒီလို့ခေါ်... ဦးဦးလို့မခေါ်နဲ့"

ပေါ်ပေါ်တစ်ယောက် နားမလည်သလို မျက်တောင်လေးပုတ်ခတ်ပုတ်ခက်နဲ့ သူ့ပါးပါးကိုပြန်ကြည့်တော့ မျက်နှာကခက်ထန်နေပီး တစ်ခုခုအလိုမကျသလိုဖြစ်ကာ ရှောင်ကျန့်လက်ထဲကနေ ပေါ်ပေါ်ကိုပွေ့ချီသွားသည်

"ပါးပါး ဟိုဦးဦး မှားလို့ ဒယ်ဒီအပြင်မှာကျန်ခဲ့ပီလေ"

"ဘယ်သူက မင်းဒယ်ဒီလဲ တစိမ်းတွေကို အဲ့လိုလျောက်မခေါ်ရဘူး ပြောထားတယ်လေ ပါးပါးစကားနားမထောင်တာလား ပြော"

"ဟုတ်ဘူးလေပါးပါးရဲ့"

"ဘယ်လိုမဟုတ်တာလဲ ပြောပါဦး"ဆိုပီး ပေါ်ပေါ်ကို ကလိထိုးလိုက်တော့

"အား ယားတယ် ပါးပါး ဟီး ယားတယ်လို့"

"ယားတယ် ဟုတ်လား ဘယ်နားလဲ"

"ပါးပါး ခ်ခ် ယားပါတယ်ဆို"

"ဟုတ်ပီ ဟုတ်ပီ ဗိုက်ဆာနေပီလား ထမင်းသွားစားရအောင်နော်"

"ဟုတ်"

ထမင်းစားပီး သားအဖနှစ်ယောက် TVထိုင်ကြည့်နေကြစဉ် အိမ်ထဲကို အထုတ်တွေဆွဲကာ ဝင်လာတဲ့ ရှောင်ကျန့်ကြောင့် ရိပေါ်မျက်မှောင်ကြုံ့လိုက်မိသည်

"ပေါ်ပေါ်ရေ ဒယ်ဒီသားပိစိလေးရေ သားသားအတွက် အရုပ်တွေရော အကျီတွေရော အများကြီးဝယ်လာတယ် ထုတ်ပီး တော်မတော် ဝတ်ကြည့်ပါလား"

Hateful Palace 🕌 *Completed*Where stories live. Discover now