[ ZAWGYI ]
>>> ဘာာာ.... <<<
>>> ဟုတ်တယ် ကိုယ် မင်းအိမ်ရှေ့မှာ <<<
Jung Kook နဲ့အတူနေတယ်ဆိုတာသိရဲ့သားနဲ့ အိမ်ရှေ့ထိရောက်လာတဲ့ Tae Hyung ကိုသူအံ့ဩလို့မဆုံး။
Jung Kook အပေါ် အဲ့လောက်တောင် အနိုင်ယူချင်နေတာလား Tae Hyung ရယ်။>>> မင်းထွက်လာပေးပါ Seok Jin...ကိုယ်မင်းနဲ့ တွေ့ချင်လို့...မင်းနဲ့မတွေ့ရတာနှစ်ရက်တောင်ရှိပြီ... ကျေးဇူးပြုပြီး ထွက်လာပေးပါ <<<
>>> တောင်းပန်ပါတယ် Tae Hyung.... ငါထွက်မလာနိုင်ဘူး...မင်းအိမ်ပြန်လိုက်ပါတော့... ရှေ့ဆက်ပြီး ငါတို့နှစ်ယောက်မတွေ့တော့ရင် ကောင်းမယ် <<<
>>> ဟင့်အင်း...အဲ့လိုမလုပ်ပါနဲ့ Seok Jin...မင်းထွက်မလာရင် ကိုယ်ဝင်လာမှာနော် <<<
"Arrshi ...."
နောက်ဆုံးတော့ သူကိုယ်တိုင်ထွက်ပြီး အကျိုးအကြောင်းထွက်ပြောမှရတော့မည်။
Tae Hyung ပုံစံက အိမ်မပြန်ဘဲ တကယ်ဝင်လာမဲ့ပုံ။
ပြဿနာတွေ ပိုရှုပ်နိုင်သည်။အရှေ့တိုက်ထဲက Jung Kook အခြေအနေကို သူအရင်ကြည့်လိုက်သည်။
အိမ်တံခါးပိတ်ထားတော့ အကုန်အိပ်နေပုံပင်။
Jung Kook အခန်းကိုကြည့်လိုက်တော့ မီးရောင်ရေးရေးလေးလင်းနေတာကြောင့် Jung Kook မအိပ်သေးမှန်းသူသိလိုက်သည်။သူခြံတံခါးလေးကို သူ့မှာရှိတဲ့ သော့အပိုတစ်ချောင်းနဲ့ ဖွင့်လိုက်တော့ သစ်ပင်လေးကိုမှီပြီးစောင့်နေတဲ့ Tae Hyung ကြောင့် သူရင်တွေခုန်လာရပြန်သည်။
"အင့်...."
ခြံတံခါးလေးကို အသာလေးပြန်ပိတ်ပြီး အရှေ့ပြန်လှည့်လိုက်တော့ ခါးကနေပွေ့ပြီး သိမ်းကျုံးအဖက်ခံလိုက်ရတာကြောင့် လူကနောက်ကိုပါယိုင်သွား၏။
"Tae..Tae Hyung.."
"ခဏလေးပဲ...ခဏလေး ဒီတိုင်းလေးနေပေးပါ"
Seok Jin ခါးပေါ်က သူ့လက်တွေပိုတင်းကျပ်သွားပြီး Seok Jin ပုခုံးပေါ် မေးလေးတင်ရင်း သူပြောလိုက်သည်။
YOU ARE READING
F . R . I . E . N . D [COMPLETED]
Fanfictionငါတို့က အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေ ငါတို့ တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပေမယ့် သူငယ်ချင်းသံယောဇဉ်ထက် မပိုခဲ့ကြဘူးနော် Yoai Love Romance ⚠️ M-Preg ⚠️