ဒီနေ့ 2020 ခုနှစ် August လ 5 ရက် မင်းမွေးနေ့...
မွေးနေ့မှာ ပျော်ရွှင်ပါစေဆိုတဲ့ စကားထက် ရှေ့ဆက်မယ့်နေ့ရက်တိုင်းမှာ ပျော်ရွှင်ပါစေ လို့ ဆုတောင်းပေးပါတယ် ကလေးရေ...
ဘုရားမှာ ပန်း၊ရေချမ်း၊ဆီမီးကပ်လို့ မင်း ကျန်းမာပျော်ရွှင်ပါစေ လို့ ဆုတောင်းပေးရုံကလွဲ တတ်နိုင်တာမရှိတဲ့အခါ...
ဘုန်းဘုန်းဆီမှာ ဆွမ်း ကပ်ရင်း မင်း အသက်ရာကျော်ရှည်ပါစေ လို့ ခပ်တိုးတိုး ဆုတောင်းပေးရုံထက် ပိုပြီး မတတ်နိုင်တဲ့အခါ...
ချစ်တတ်ကြသူတွေရဲ့ အချစ်ခံထိုက်တဲ့ကလေးငယ်အတွက် social network ပေါ်က မွေးနေ့လက်ဆောင်တွေကို ကြည့်ရင်း ကိုယ်ပါ လိုက်ပျော်ရွှင်ကြည်နူးပေးရုံလောက်ပဲ တတ်နိုင်တဲ့အခါ...
မွေးနေ့ရက်တွေမှာ အခက်အခဲတွေကြုံခဲ့ရတဲ့ "ကျွန်တော် မွေးနေ့တွေကို မကြိုက်ဘူး" လို့ ပြောတတ်တဲ့ ကလေးငယ်တစ်ယောက် ဒီနှစ်က စ လို့ နောက်နှစ်ပေါင်းများစွာအထိ ပျော်ရွှင်အေးချမ်း နိုင်ပါစေ လို့ မိုင်ထောင်ချီအကွာအဝေးကနေ ဆုတောင်းပေးရုံပဲ တတ်နိုင်တဲ့အခါ..
မင်း အေးချမ်းစေဖို့ မေတ္တာတွေပို့ရင်း...
သတိတရဖြစ်တဲ့အချိန်တိုင်း "生日快樂" ဆိုတဲ့စကားကို ခပ်တိုးတိုးရွတ်ရင်း...
Joox ကနေ မင်းတစ်ယောက်တည်းရဲ့သီချင်းတွေကိုပဲ မနက်ကနေ ညအထိ repeat နဲ့ ဖွင့်လို့ နားထောင်ရင်း...သက်ရှည်ခေါက်ဆွဲရော စားပြီးပြီလား?
မာမား နဲ့ရော ဖုန်းပြောပြီးပြီလား?
ပါပါး ကိုရော 愛你 လို့ ပြောဖြစ်ရဲ့လား?
မွေးနေ့မှာ အိမ်မှာပဲ နားနေမလား
ဒါမှမဟုတ် အလုပ်ကြိုးစားလွန်းတဲ့ကလေးငယ်က schedule အပြည့်နဲ့ အလုပ်တွေပဲရှုပ်နေမလား အကြိမ်ကြိမ် ထပ်ကာထပ်ကာ တွေးမိတဲ့အခါတိုင်း...ဒီ 23 နှစ်သားလေး ကျန်းမာပျော်ရွှင်စေဖို့ ရည်ရွယ်လို့ မေတ္တာတရားတွေ ပေးပို့လိုက်မှာဖြစ်လို့ မင်း အေးချမ်းပျော်ရွှင်နိုင်ပါစေ ကလေးရေ...💚
ကလေးရေ...
မင်းဟာ တစ်ကယ့်ကို အချစ်ခံထိုက်တဲ့ လူသားလေးတစ်ဦးဖြစ်တဲ့အကြောင်း...
မင်းထင်ထားတာထက် မင်းဟာ ပိုတော်တဲ့အကြောင်း...
မင်းက ကိုယ်တို့အတွက် တစ်ကယ့်ကို Inspired ဖြစ်စေတဲ့ လူသားတစ်ယောက်ဖြစ်ကြောင်း...
မင်းဟာ ကိုယ်တွေလေးစားအားကျရတဲ့ IDOL တစ်ယောက်ဖြစ်ကြောင်း...မင်းရဲ့ fan girl ဖြစ်ပြီး ဒီ fandom ထဲမှာရှိနေရတာ ကိုယ်တို့တွေ ဘယ်တုန်းကမှ မျက်နှာမငယ်ခဲ့ရကြောင်း...
မင်းကြောင့် ကိုယ်တို့တွေ အမြဲ ဂုဏ်ယူနေရတဲ့အကြောင်း...ဘယ်လို အခြေအနေ ဘယ်လို အနေအထားနဲ့ပဲဖြစ်ဖြစ် မင်းနဲ့အတူ ကိုယ်တို့တွေ အမြဲရှိနေမှာဖြစ်ကြောင်း...
မင်းက ကိုယ်တို့ကောင်းကင်မှာ အမြဲတောက်ပနေမယ့် ကြယ်လေးတစ်စင်းဖြစ်တဲ့အကြောင်း...ဒီအကြောင်းတွေကို အခွင့်ကြုံရင် မင်းကိုပြောပြချင်ပါသေးတယ်ကလေးရေ... 💚⭐
ကမ္ဘာအရပ်ရပ်က ပို့တဲ့ မေတ္တာတွေကြောင့် မင်းအေးချမ်းစေဖို့ ရည်ရွယ်ရင်း
မွေးနေ့လက်ဆောင်အဖြစ် ကိုယ်တို့က မေတ္တာတရားတွေပေးမယ်
မင်းက ကျန်းမာအောင်ဂရုစိုက်နေပေးပါ ကလေးရေ...Wang Yibo,You are the best and you are the inspiration for us.
We are always with you here, Yibo.Happy Birthday,Wang Yibo 生日快樂
#Nn
05082020
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
