New love

179 12 0
                                    

😍New Love 😍

အပိုင်း (၇)

''မ. . ကျွန်တော်ရောက်လာပြန်ပြီ. . .

အုပ်ဂူဖြူဖြူလေးရှေ့မှာ နှင်းဆီပန်း အဖြူရောင် ပန်းစီးလေးဖြင့် စက်အာဏာသျှန်ရပ်နေသည် . . သူရပ်နေသည့်နံဘေးကိုကြည့်လိုက်တော့  ဟိုတစ်ခါ သူလာတုန်းက တင်ထားသည့်နှင်းဆီပန်းစီး က  လူတစ်ယောက်တက်နင်းဖျတ်စီးထားဟန်ကြွေ မွလျှက်. .  
ခြောက်သွားလို့ ကြွေနေတာထက် တမင်ဖျတ်စီးထားမှန်းသိသာသည်
ပြီးတော့အုပ်ဂူပေါ်မှာ  ခြောက်နေပြီဖြစ်သောအနီရောင်နှင်းဆီပန်းတစ်စီး. .    

ပိုင်ခြံရံ ဒီကိုလာသွားတာလား. . . ဒါလဲမဖြစ်နိုင်ပါ . . .ဒီရက်ထဲ ဒီကောင်အသက် မရူ နိုင်အောင်အလုပ်တွေများနေတယ်ဟုပြောတာကြားခဲ့သည်ပဲ. . . ပြီးတော့ သူ လာလျှင်လဲ ဘယ်တုန်းကမှ ပန်းစီး မထားခဲ့တက်ပါ. .

''မ. . . သူရောက်လာတာလား. . . . မ. . ရဲ့ . . ညီမလေး. . လာသွားတာလား. . . မ . . ကိုသူ စကားတွေအများကြီး ပြောသွားမှာပေါ့. . .  သူနဲ့ဆုံချင်တယ်. . မ. . . .ဒါပေမယ့် ရှာလို့မတွေ့ဘူး. . . .  ခု တော့ပြန်ပေါ်လာပြီပေါ့. .  

သျှန် အုပ်ဂူကို အရူးလိုစကားပြောနေမိသည်

မနှင့်သူ မရဲ့ မိဘတွေနာရေးမှာ စတင်သိခဲ့သည်. .  

ပြင်ဦးလွင်မှာ ၁၀တန်းအောင်ပြီးနောက် သျှန်ရဲ့အဖေ က ရန်ကုန်ကို တာဝန်ပြန်ပြောင်းရတယ်. . . . သျှန်လဲ ဒယ်ဒီနှင့်အတူ ရန်ကုန်ပြန်လာခဲ့တယ်ပေါ့. . .သွေး က လဲ သျှန်နဲ့ ခင်မင်နေပြီး ဝါသနာလဲတူတာမို့ ၂ယောက်ကျောင်းအတူတက်ဖို့ ရန်ကုန်ကိုလိုက်ခဲ့တယ် . . . . .ပိုင် ခြံရံ  နဲ့ ငြိမ်းချမ်းမောင် တို့ ၂ယောက်က သျှန်ရဲ့ ငယ်သူငယ်ချင်းတွေပါ အတူကြီးပြင်းခဲ့ကြတာမို့ ၃နှစ်လောက်ကွဲသွားပေမယ့် သျှန်ပြန်လာတော့ တ တွဲ တွဲဖြစ်သွားခဲ့ပြီး ၄ယောက်က  ကျောင်းချိန်ကလွဲလို့အမြဲအတူတူပဲရှိနေတက်တယ်.   . .

ဒီလိုကနေ ရန်ကုန်မှာ 'မ' နဲ့ ပြန်ဆုံခဲ့သည်ပေါ့. . .
ညီမဖြစ်သူရော မိဘ ၂ပါးလုံးပါ တစ်ချိန်ထဲ ဆုံးရူံး ခဲ့ရသည့် မ ကို သူ အသနားပိုခဲ့သည်. . . ညီမ ဖြစ်သူက လဲ သျှန်နှင့် အတန်းတူ ခင်မင် ခဲ့တာမို့ တကယ်မိတ်ဆွေရင်းလိုပြန်တွေ့တော့ပျော်ရွင်ခဲ့တာ. . .  ပြီးတော့အလုပ်ကလဲတူ. . . စီနီယာ မမ ကနေ ချစ်သူ ဖြစ်လာခဲ့သည်. .  
ပျော်စရာလေးတွေ အမြဲဖန်တီးပေးခဲ့သည်. . မ ရဲ့ ညင်သာတဲ့အပြော ချိုသာတဲ့အသံလေး သူ့နားထဲစွဲနေခဲ့သည်. . မ. . ကိုသူ အရမ်းချစ်ခဲ့တာပါ. .     'မ'က လဲ သူကို ချစ်သည်လေ. .

New LoveWhere stories live. Discover now