Episode 1

170 11 0
                                    

Unicode ver.

Jehyun omma တစ်ယောက် သူ့သားကို နှိုးသံများဟာ မနက်စောစော ပျံ့လွင့်လို့နေသည်

"Jaejae သားလေးရေ ထ ထ သင်တန်း သွားရမယ်"  ဆိုပြီး အစချီ လေပြေသံလေးတွေကနေ
"သင်တန်း မသွားရင် မုန့်ဖိုး ဖြတ်မယ်" ဆိုသော အန္တရာယ်ရှိ အဆင့်သို့ ရောက်ရှိလာခဲ့သည်

မာတာမိခင်ရဲ့ မနက်ခင်း သြဘာသံတွေကြောင့် Jaehyun အိပ်ရာမှ မထချင် ထချင်နဲ့ သင်တန်းသွားဖို့ ပြင်ရတော့သည် သူမကိုယ်တိုင် သင်တန်းကို ပို့ပေးသည်ဆိုတော့ Jaehyun လစ်ချင်တိုင်း လစ်မရတော့ပြီ

Jaehyun တစ်ယောက် ကျောင်းပိတ်ရက်ကာလရောက်ရင် ဂိမ်းဆော့လိုက် လျှောက်သွားလိုက် အိမ်မှာ အေးဆေးနှပ်လိုက် နေမယ်ဆိုပြီး အလယ်တန်း ပထမနှစ် စာမေးပွဲ မဖြေမီတည်းက အတွေးပေါင်းစုံ တွေးထားခဲ့ပေမယ့် တကယ်တမ်း ကျောင်းပိတ်ရက်လည်း ရောက်လာရော မာတာမိခင်ရဲ့ စကားတစ်ခွန်းနဲ့ သင်တန်းတက်ရပါတော့သည်

အဂ်လိပ်စာ ညံ့တဲ့သူထဲ မပါပေမယ့် နောက်ပိုင်း နိုင်ငံခြားကို အလည်အပတ် ဖြစ်စေ ပညာတော်သင်ဖြစ်စေ အလုပ်ကြောင့် ဖြစ်စေ ဆိုတဲ့ 'ဖြစ်စေ' ပေါင်း သောင်းခြောက်ကြောင့် အဂ်လိပ်စာ သင်တန်းကို မတက်ချင် တက်ချင်နှင့် တက်ခဲ့ရပါတော့သည်

ခုလည်း သင်တန်း ပထမဆုံးရက်မှာတင် ပျင်းရိနေတဲ့သူ့ကို မုန့်ဖိုးနဲ့ ခြိမ်းခြောက်ကာ ကိုယ်တိုင် လိုက်ပို့ပေးတဲ့ မိခင်ကြောင့် သင်တန်းထဲကို ရောက်ရခြင်းဖြစ်သည် ကားပေါ်မှာလည်း "အလယ်တန်းထဲက သေချာလေ့လာထားတော့ အထက်တန်းအတွက်ရော အနာဂတ်အတွကိပါ အဆင်ပြေတာပေါ့" လို့ အစချီ သြဘာပေးမှုများကို ဒီမနက်ခင်းတင် ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ ကြားရပြန်သေးသည်

သင်တန်းရောက်တော့လည်း စည်းကမ်းချက်တွေအကြောင်း ရှင်းပြလိုက် စာသင်နည်းပုံစံ ရှင်းပြလိုက်နှင့်ပင် တစ်နာရီခွဲရဲ့ သုံးပုံ နှစ်ပုံလောက် ကုန်သွားခဲ့သည်

"ကဲ ရှင်းပြတာတွေ ပြီးပြီဆိုတော့ အရင်ဆုံး ကိုယ့်ကိုကိုယ် မိတ်ဆက်တာက စကြမယ်နော်"

ဒီလိုနဲ့ အတန်းထဲက အယောက် ၂၀ နှုတ်ဆက်ပြီးတာနဲ့ သင်တန်း ပထမနေ့က ပြီးသွားခဲ့သည်ထင်သလောက်တော့ မဆိုးရွားနေခဲ့ပါဘူး
Jaehyun လည်း လွယ်အိတ်ထဲ ပစ္စည်းပစ္စယ များ ပြန်သိမ်းကာ အိမ်ပြန်ဖို့အတွက် ပြင်ဆင်းပြီး အမေ လာအကြိုကို စောင့်မျှော်နေလိုက်သည်

Valentine's ScorpioWhere stories live. Discover now