သူငယ်ချင်းနဲ့ တူတူ အိမ်ပြန်လာတာ တစ်ခါမှ မရှိတဲ့ သူမသားငယ်ကို ကောင်လေးတစ်ယောက်က အိမ်လိုက်ပို့သည်မို့ Win Win အမေ အံ့သြသွားရသည်။
သူမကိုယ်တိုင် အိမ်ထဲ ပြတင်းပေါက်ကတစ်ဆင့် ကိုယ်တိုင် လှမ်းမြင်လိုက်၍ ယုံလိုက်ရသည်။
သူမလက်ထဲက ထိုးလက်စ သိုးမွှေးထည်လေးကို လက်စသတ်နေတုန်း Win Win က အိမ်ထဲ ဝင်လာပြီး သူမထိုင်နေသည့်နားကို လျှောက်လာလေသည်။
"သား ပြန်ရောက်ပြီ မား"
"အင်း သားကို လိုက်ပို့တာ သားသူငယ်ချင်းလား"
Win Win အမေလည်း လုပ်လက်စကို ရပ်ရင်း Win Win ကို ကြည့်ကာ မေးလိုက်သည်။
"မား တွေ့လိုက်တယ်လား"
"အင်း တွေ့လိုက်တယ် သား"
"ဟုတ် သင်တန်းမှာ အမြဲ တွဲလေ့ကျင့်ရင်းနဲ့ ခင်တဲ့သူပါ ကျောင်းကတော့ မတူဘူး"
အမေဖြစ်သူက သားပြောသည်ကို ခေါင်းညိတ်ရင်း
"အိမ်ထဲ ခေါ်ခဲ့တာ မဟုတ်ဘူး"
"သား ခေါ်ပါတယ် သူက နောက်နေ့မှ ဝင်မယ်တဲ့"
"အင်းပါ နာမည် ဘယ်လိုခေါ်လဲ သားငယ် အတန်းရော တူတူပဲလား"
"အတန်း တူတူပဲ သူ့နာမည်က Jung Jaehyun လို့ ခေါ်တယ် မား"
"မေ့သားလေး သူငယ်ချင်းအသစ်ရပြီပေါ့"
"ဟုတ် .. သား သွားနားတော့မယ်နော်"
"အင်းအင်း သားငယ် ဗိုက်ဆာရင်ပြော မား ထမင်းခူးပေးမယ်"
"ဟုတ် မား ခဏနေမှ စားတော့မယ်"
စကားပြောပြီးနောက် အိမ်ပေါ်ထပ်ကို တက်သွားတဲ့ သူမသားလေးကို ထိုးလက်စ သိုးမွှေးထည်လေး ထိုးရင်း ပြုံးကြည့်လိုက်သည်။
................. Valentine's Scropio .................
သင်တန်းရက်ကြာလာသည်နှင့်အမျှ Win Win နဲ့ Jaehyun ပိုခင်လာကြသည်။
"Win Win သင်တန်းပြီးရင် အိမ်ပြန်မှာလား"
"အင်းပေါ့"
"ဂိမ်းသွားဆော့ရအောင်"
"ဟင် မလိုက်ချင်ပါဘူး"
YOU ARE READING
Valentine's Scorpio
FanfictionLove between 97 liner 🥰 You can read both Unicode & Zawgyi ver 💚