"ခမည်းတော်!!!"
ရုတ်တရက် နောက်ကျောဘက်က ရင်းနှီးလှတဲ့ အသံကြားလိုက်ရတာကြောင့် မဟုတ်ပါစေနဲ့ဆုတောင်းရင်း လှည့်ကြည့်လိုက်တဲ့အချိန်မှာ ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးသွားသလိုမျိုး တုန်လှုပ်ခြောက်ခြားလာတယ်
ပေါက်စီလုံးဖွေးဖွေးလေးလို ပြည့်တင်းဖောင်းကားနေတဲ့ ပါးဖောင်းဖောင်းလေး နှစ်ဖက်ပေါ်မှာ ငွေရည်ရောင် မျက်ရည်တွေကျဆင်းလျက် မယုံနိုင်ချင်းများစွာ ပြည့်နက်နေတဲ့ မျက်ဝန်းတစ်စုံရဲ့ စူးစိုက်ကြည့်ချင်းကို ခံလိုက်ရတယ်
"ဝမ်ငယ်!"
စိုးရိမ်တကြီး အော်လိုက်မိတဲ့နောက်မှာတော့ မြေပြင်ပေါ် ခွေလဲယိုင်ကျသွားတဲ့ ချစ်ရသူကြောင့် လက်ထဲကသွေးစွန်းနေတဲ့ လက်စွဲတော်ဓားကိုပစ်ချကာ ချစ်ရသူကို ပွေ့ချီလျက် အိပ်ဆောင်တော်စီ အမြန်ဆုံးခြေလှမ်းတွေနဲ့ အရောက်သွားနေမိတယ်
လမ်းတစ်လျှောက်လုံးမှာလည်း ဝမ်ငယ် ဘာမှမဖြစ်ဖို့ ဆုတောင်းနေမိတယ်...ကိုယ့်ဆုတောင်းတွေက ဘယ်တော့မှ မပြည့်တတ်တာသိပေမဲ့ ဒီတခါတော့ မိုက်ရူးရဲဆန်စွာ တစ်ခါလောက်တော့ ဆုတောင်းပြည့်ဖူးချင်ပါရဲ့
ကိုယ့်ဘဝမှာ ဝမ်ငယ်မရှီလို့ မဖြစ်ဘူးဆိုတာ သိတယ်မလား...ကိုယ်ကမင်းမရှီပဲ မရှင်သန်နိုင်ဘူးလေ...မင်းကသာ ကိုယ့်ဘဝရဲ့ အရာရာပါ...ကိုယ့်ဘဝထဲကို ဝင်လာပီးရင် မင်းထွက်သွားချင်တိုင်း ထွက်သွားလို့မရဘူးဆိုတာ မေ့နေတာလား
မင်းကကိုယ့်ရဲ့ တစ်ဦးတည်းသော ရှင်သန်ရာလေး
မင်းကကိုယ်ရဲ့ တစ်ဦးတည်းသော မိသားစုဝင်လေး
မင်းကသာ ကိုယ်ရဲ့အေးစက်နေတဲ့ နှလုံးသားကို အနွေးဓာတ်ပေးသူလေး
မင်းကကိုယ်ရဲ့ တစ်ဦးတည်းသော ကြင်ယာတော်
မင်းကသာ ကိုယ်ရဲ့ တစ်ဦးတည်းသော မြတ်နိုးတန်ဖိုးထားစရာ အဖိုးတန်ဆုံးလူသားလေး
ဝမ်ငယ် မင်းဘာမှမဖြစ်ရဘူးနော်...ကိုယ်မင်းကို ရှင်းပြစရာတွေ အများကြီးရှီသေးတယ်လေ
YOU ARE READING
Faith & Love *One Short*
Fanfictionကျွန်တော် အရှင့်ကိုအရမ်းမုန်းတယ် Wang Yibo ကိုယ့်အပြစ်တွေအတွက် မင်းကြိုက်သလောက် မုန်းနိုင်ပါတယ် Xiao Zhan ကျွန်တော် အရှင့်ကိုအရမ်းမုန်းတယ် Wang Yibo ကိုယ့်အပြစ်တွေအတွက် မင်းကြိုက်သလောက် မုန်းနိုင်ပါတယ် Xiao Zhan