Part - 25

467 38 17
                                    

Unicode

Kris .   ' တောက် ! ဒါမင်းလက်ချက်မလား '

Tao.     ' ဟုတ်တယ် သားလေးစိတ်ဆင်းရဲရမှာကို
လုံးဝ မကြည့်ရက်‌လို့ '

Kris.    'မင်းကွာ ငါ့မျက်နှာကို အိုးမဲသုတ်တာလား?
ငါ Minho တို့မိသားစုကို ဘယ်လိုမျက်နှာ ပြရမာလဲ'

Tao.    'သူတို့လဲ နားလည်ပေးမှာပါ ၊ အချစ်မပါတဲ့
အိမ်ထောင်ရေးက ဘယ်လိုလုပ်ပျော်ရွှင်မလဲ?
ရှင်နည်းနည်းပါးပါးတွေးကြည့်စမ်းပါ ၊ ကျွန်မတို့ တုန်းကလဲ ရှင့်အိမ်ကသဘောမတူဘူးမလား ?
ဒါကို ရှင်ကျွန်မကို ချစ်လို့ မစွန့်လွှတ်နိုင်လို့
ရှင့်မိဘတေစကားနားမထောင်ဘဲ
ကျွန်မကို ယူခဲ့တာပဲလေ ၊ အခုသားလဲ အဲ့လိုပဲပေါ၊
အကို ကျေးဇူးပြုပြီး သားကို လွှတ်ထားပေးလိုက်ပါ '

Kris.     'မင်းနဲ့ငါနဲ့ငါ သဘာဝအတိုင်းပဲလေ ၊ အခုဟာက သားယူမယ့်သူက မိန်းကလေးလဲ မဟုတ်ဘူး ၊
ယောက်ျားလေး ငါ့ရဲ့ မိတ်ဆွေအပေါင်းသင်းတေကြား ဘယ်လိုမျက်နှာသွားပြရမလဲ ? '

Tao.     'လက်စသတ်တော့ ရှင်က ရှင့်အတ္တကို ရှေ့တန်းတင်တာကိုး ၊ တကယ်တမ်းကျ ပတ်ဝန်းကျင်ကို ထည့်တွက်မစရာမလိုဘူး ၊ ပတ်ဝန်းကျင်က ကဲ့ရဲ့တိုင်းသာ ကိုယ်ဖြစ်ချင်တဲ့ အရာကို လက်လွှတ်ရမယ်ဆိုရင် ဒါတကယ် မတရားတာပဲ  '

Kris.    'သားက နောက်ဆို ငါ့ Company ကို အုပ်ချူပ်ရမှာ ၊ သူ့လက်အောက်ငယ်သားတေကရော သား‌ကို လေးစားပါဦးမလား ၊ ငါအဲ့တာတေထိပါ တွေးထားတာ မိန်းမ ၊ ငါအတ္တကြီးတာ မဟုတ်ဘူး '

Tao.    '‌ယောက်ျား အခုခေတ်မှာ B to B တွဲတဲ့ အတွဲတေမှ အများကြီးပဲ ၊ လူတိုင်းလိုလို လက်ခံလာကြပါပီ ၊ ယောက်ျား ထင်သလို ဖြစ်လာမှာ မဟုတ်ဘူး ၊ အဲ့တော့ လက်ခံပေးလိုက်ပါ '

Kris.    'အားးးးးးးးးးးမသိတော့ဘူးကွာ.......
ကံတရားကြီးက ဘာလို့ ငါသားကျမှ ခုလိုဖြစ်နေရတာလဲ ? '

Tao.    'ယောက်ျား သဘောတူလိုက်ပြီလို့ မိန်းမယူဆလိုက်ပြီ ၊ Minho တို့မိသားစုကိုတော့ မိန်းမပဲ
ပြောပေးလိုက်ပါ့မယ် ငါ့ယောက်ျား မျက်နှာပူနေမစိုးလို့ '

Kris.     'လုပ်ချင်တာသာ လုပ်ကြတော့ကွာ '

Tao.     'ဒီကမ္ဘာပေါ်မှာ ငါ့ယောက်ျား အကောင်းဆုံးပဲ '

You are my Everything(Uni/Zawgyi)💛💛(Complete)Where stories live. Discover now