နေ့လည်စာ စားချိန် ...။
ဂျီမင်း အတော် ဗိုက်ဆာနေပြီ ။တဂွီဂွီ မြည်နေတဲ့ဗိုက်ကို ပွတ်ရင်း ပိုက်ဆံအိတ်ကိုဖွင့်လိုက်တော့ ဗလာနတ္ထိ ... လုံးဝ zero ...။
ဂျီမင်း တစ်ကိုယ်တည်း ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်ခဲ့သည်မှာ 2နှစ်ပင်ရှိပြီဖြစ်သည် ။ မိသားစုဆိုသည့် သွေးသားရင်းချာတွေရှိသေးပေမယ့် သူgayဆိုတာ သိပြီးနောက်ပိုင်း အဖေရင်းဖြစ်သူကိုယ်တိုင်က သူ့အားအိမ်မှနှင်ချခဲ့သည် ။ အမေကတော့ သူ့အားငွေကြေးထောက်ပံ့ပေးရှာသည် ။ လတိုင်း ငွေအနည်းငယ်ပို့ပေး၏။ သို့သော်လဲ ထိုမျှနှင့် သူ မလောက်ငှပါ ။ ထို့ကြောင့် သူ့အသုံးစရိတ်ကာမိစေရန် ညဘက်တွေဆို Barမှာ စားပွဲထိုးဝင်လုပ်နေရသည် ။
ဒီနေ့ နေ့လည်စာ စားချိန်ကို အရိပ်ကောင်းသည့် သစ်ပင်အောက် စာဖတ်ရင်းသာ ကုန်ဆုံးစေသည် ။ ဒီနေရာလေးက ကျောင်းကန်တင်းကို သူမသွားဖြစ်တဲ့ အခါတိုင်း လာနေဖြစ်တက်တဲ့နေရာလေးဖြစ်သည် ။ ဒီလိုချိန်မှာ သူ့ သူငယ်ချင်း၂ယောက် ကိုလဲ အပူမကပ်ချင်ပါ ။
" အား ...တကယ် ဗိုက်ဆာနေပြီ ။ "
ဂျီမင်း တဂွီဂွီ မြည်နေသည့် ဗိုက်လေးကို ပွတ်သတ်နေမိသည် ။ ဗိုက်ဆာနေ၍ ဖတ်နေသည့် စာအုပ်ကိုလဲ သူအာရုံ မစိုက်နိုင်တော့ ။
" မင်း အတွက် .."
ရုတ်တရတ် ရှေ့သို့ရောက်လာသည့် ပေါင်မုန့်ထုပ်လေးကြောင့် ဂျီမင်းလန့်သွားရသည် ။ ပေါင်မုန့်ထုပ်လှမ်းပေးသူအား ဂျီမင်းမော့ ကြည့်လိုက်သည် ။
" ထယ် ... "
ပေါင်မုန့်ထုပ်အား သူ့ကို လှမ်းပေးရင်း ထယ်က သူ့ကိုပြုံးပြသည် ။
" ကန်တင်းကို ငါတို့နဲ့အတူ မလိုက်လာကတည်းက မင်းတစ်ခုခုဖြစ်နေပြီ ထင်ပြီးသား ။ ဘာလို့ ငါတို့ကို မပြောတာတုန်း ။ "
ဂျီမင်း အကြောင်းကို ထယ်နဲ့ နမ်ဂျွန်း ကောင်းကောင်းသိသည် ။ ဂျီမင်းက သူငယ်ချင်းတွေအား ဒုက္ခပေးချင်သူမဟုတ် ။ တစ်ခုခုဆို မြုံနေတက်ပြီး တစ်ခုခု သူလိုအပ်နေရင်တောင် သူ့ဘာသာ ကြိုးစားဖြေရှင်းတက်သူဖြစ်သည် ။
YOU ARE READING
I Hate You,I Love You
Fanfictionမတူညီတဲ့ အုပ်စုနှစ်စုက ဂျီမင်းနဲ့ ဂျောင်ဂု ဂျီမင်း+ထယ်ယောင်း+နမ်ဂျွန်း ဂျောင်ဂု+ဆော့ဂျင်+ဟိုဘီ+ယွန်းဂီ ကျောင်းက ခန့်ချောကောင်လေး ဂျောင်ဂုကို သေလောက်အောင် မုန်းနေသော ဂျီမင်း။ ကျောင်းလေ့လာရေး ခရီးလေးက ဂျီမင်း ဘဝကိုဘယ်လို တဆစ်ချိုးပြောင်းလဲစေမလဲ။ #Mpre...