Unicode
1.5K 174 163
~အချစ်​ဦးနှင့်​ချစ်​ဖူးသည်~
အချစ်​ဦး။
စကားလုံး​လေးက​တော့
သုံးလုံးထဲပါပဲ။
ဒါ​ပေမဲ့ ဘဝမှာ​မေ့မရနိုင်​တဲ့သူ
တစ်​ယောက်​။
နှလုံးသားကို အဦးဆုံး​
နွေး​ထွေး​စေသူ။
အချစ်​ဦးနဲ့ပတ်​သက်​တဲ့ မှတ်​ဥာဏ်​
တွေထဲမှာ လှပခဲ့တဲ့အတိတ်​တွေ
ရှိ​ကောင်းရှိနိုင်​တယ်​။
နာကျင်​ခဲ့ရတာလည်း ရှိ​ကောင်း
ရှိမယ်​။
ဒါ​ပေမဲ့ ကျွန်​တော်​က​တော့..
အချစ်​ဦးနဲ့ချစ်​ဖူးခဲ့ပါတယ်​။
.................................................
"တင်​.."
Messenger မှ Noti တက်​လာလို့
ကြည့်​လိုက်​တော့ 'စိမ့်​သက်​လျာ'ဆီမှ။
ဘာများပို့ထားပါလိမ့်​ ဟူ​သော
အ​တွေးနဲ့ ကျွန်​တော်​ ဝင်​ကြည့်​လိုက်​
သည်​။
ပုံ​လေးတစ်​ပုံနဲ့အတူ ပို့ထား​သောစာက
'သူ့ကို သိတယ်​ဟုတ်​' တဲ့။
ပုံကိုကြည့်​လိုက်​ရုံနဲ့တင်​ ရင်​ထဲက
ဒိန်းခနဲ​ ဆောင့်​ခုန်​သွားရသည်​။
​ဘေးတစောင်းမျက်​နှာနဲ့
အ​ဝေးတစ်​နေရာကို​ငေး​နေတဲ့
ထိုသူ့မျက်​ဝန်း​တွေဟာ စူးရှလျက်​။
ခပ်​ညိုညိုအသားအ​ရေနဲ့
လိုက်​ဖက်​မဲ့ အဝတ်​အစားအ​ရောင်​
ကိုလည်း ဆွဲ​ဆောင်​မှုရှိရှိ
တွဲဖက်​ဝတ်​ဆင်​ထား​သေးသည်​။
ခပ်​တန်းတန်းထားရင်​တောင်​
​ကွေးညွတ်​သ​ယောင်​ ထင်​ရ​လောက်​
တဲ့ နှုတ်​ခမ်းစွန်းနှစ်​ဖက်​က သူ့ရဲ့
မူပိုင်​သ​င်္ကေတ။
'ယံချီမင်း' ဆိုတဲ့သူဟာ အရင်​အတိုင်း
မ​ပြောင်းလဲဘူးဘဲ။
'သိတာ​ပေါ့၊ငါတို့​ရဲ့​ကျောင်း​နေဘက်​
သူငယ်​ချင်းပဲ' လို့ စိမ့်​သက်​လျာဆီ
ပြန်​ပို့လိုက်​ကာ Yan Chi Minn​ ဆိုတဲ့
အ​ကောင့်​ကို လိုက်​ရှာပြီး add လိုက်​
သည်။​ထိုကိစ္စအစအဆုံးကို
ပြုလုပ်​ပြီးတဲ့​နောက်​မှာ တဒိတ်​ဒိတ်​
ဖြစ်​နေတဲ့ ရင်​ခုန်​သံကို သတိပြုမိ
လိုက်​သည်​။
အင်း..နှလုံးသားက အမှတ်​မရှိ​သေး
ဘူး ထင်​ရဲ့။
ရှာ​ဖွေ​နေတုန်းက မ​တွေ့ဘဲ
​မေ့​မေ့​ပျောက်​ပျောက်​ဖြစ်​တော့မှ
မျက်​စိ​ရှေ့ကို​ ရောက်​လာတာ
ဘာသ​ဘောလဲ အချစ်​ဦးရယ်​။