✨🦋

2.4K 95 6
                                    

ဒီနေ့ကတော့ lisa နဲ့ Jennie တို့ရဲ့ ချစ်သူသက်တမ်း ၄နှစ်ပြည့်တဲ့ နေ့လေး...

အဲ့၎နှစ်ဆိုတာကလဲ ရန်ဖစ်လိုက် ပြန်ချစ်လိုက်နဲ့ပဲ ကုန်ဆုံး သွားခဲ့တာ...ရန်ဖစ်တိုင်းလဲ အကြောင်းအရင်းကတော့ တခုထဲပါ...

Lisaကစိတ်ဆတ်တယ်... မဟုတ်မခံစိတ်ရှိတဲ့ လူမျိုး... ရန်ပွဲဆိုရင်လဲ အမြဲတမ်း သူကထိပ်ဆုံးပဲ...

Jenမကြိုက်တာကလဲ အဲ့ဒါပါပဲ... သူ့ကို Jen အမြဲ ပြောဖူးပါတယ် ..

"နင်ဒီလိုတွေ ရန်ဖစ်နေအုံးမယ်ဆို ငါနဲ့ ရှေ့ဆက်ဖို့ အဆင်မပြေဘူးနော် Li"

Jenအဲ့လိုပြောတိုင်းလဲ သူ့ရဲ့ တုန့်ပြန်မှုက တခုတည်းပါပဲ...

"ငါနင့်ကို သိပ်ချစ်တာ နင်အသိဆုံးပါ... နင်ငါ့ကို လမ်းခွဲကြည့်ပါလား...နင့်ကိုအရှင်မထားဘူး အသေသတ်မှာ... ငါနင့်ကို ဘယ်သူ့ကိုမှ မပေးနိုင်ဘူး နင်က ငါ့အတွက်ပဲ ဖြစ်ရမယ်"

အဲ့လိုစကားတွေကို အမြဲရုပ်တည်နဲ့ ပြောတတ်တဲ့ Lisa ကြောင့် Jen စိတ်ပျက်မိသည်...

Jenတို့၂ယောက်က လက်ထပ်ဖို့ထိ ရည်ရွယ်ထားကြတဲ့သူတွေ ဆိုပေမယ့် Jenမိဘတွေက မိန်းကလေးချင်း ဖြစ်နေတာက တကြောင်း... lisaကတဇွတ်ထိုးအကျင့်တွေကို မကြိုက်တာက တကြောင်းကြောင့် လက်မခံခဲ့ပါ...

ဒါပေမယ့်... ဘယ်သူဘာပြောပြော Jenကတော့ lisaကို ချစ်တယ်လေ...

Jenရဲ့မိဘတွေရဲ့ သဘောထားကို lisaကိုပြောပြဖို့ သူ့ဆီကို ထွက်လာခဲ့လိုက်သည်...

Lisaရဲ့အိမ်နားရောက်တော့ လမ်းထိပ်မှာ ရန်ပွဲအကြီးအကျယ်ဖစ်နေတဲ့ lisaကို တွေ့ရတော့သည်...

Jenလဲ lisaကိုသွားဆွဲတော့... ဒေါသအရမ်းဖစ်နေတဲ့ lisaကဘာကိုမှ မမြင်ပဲ Jenကိုတွန်းထုတ်လိုက်တာ အရှိန်လွန်ပြီး Jenနဖူးနဲ့ လမ်းပလက်ဖောင်းနဲ့ ဆော့မိပြီး Jenနဖူး ကွဲသွားသည်...

ထိုအချိန်မှ lisaလဲ သူအရှိန်လွန်သွားတာသိပြီး Jenဆီပြေးလာသည်.. Jenအခုတခါ lisaရဲ့လုပ်ရက်ကြောင့် ဒေါသဖြစ်ကာ lisaကို တွန်းထုတ်လိုက်သည်...ပြီးတော့ Jen ဝမ်းနည်းမှုနဲ့ ဒေါသသံရောပြီး...

"ဖယ်...နင်ငါ့အသားကို လာမထိနဲ့"

"ငါတောင်းပန်ပါတယ် Jen...နင်ကလည်း ငါ့အကြောင်းသိရဲ့နဲ့.ရန်ဖစ်နေတဲ့အချိန် ဘာလို့လာဆွဲတာလဲဟ"

You've reached the end of published parts.

⏰ Last updated: Aug 14, 2020 ⏰

Add this story to your Library to get notified about new parts!

Surprise ( one - shot )Where stories live. Discover now