အခန်း-၁ ဝေးပြီးတဲ့နောက်

30 2 1
                                    

"အိမ်ပြောင်းသွားပြီလား... အရင်ကလောက်မတွေ့တော့ပါ.....စောင့်မျှော်နေလည်း နောက်ပေါ်မလာတော့ပါ...ဗေဒင်မေး ယတြာချေ...ပြန်အဆင်ပြေဖို့လိုပါတယ်အချစ်ရေ...."

နားကြပ်ကိုဖြုတ်လိုက်တော့ ဖယ်ရီကရုံးတောင်ရောက်နေပြီပဲ မသိလိုက်ဘူး တကယ်ကို စိတ်နဲ့ကိုယ်နဲ့မကပ်တာ ၂ ပတ်နီးနီးရှိနေပြီ။ ရုံးရောက်တာကို ဘေးက သတိပေးလိုက်တဲ့သူငယ်ချင်း သက်သက်ကိုတချက်ကြည့်ပြီးမှ

"အင်း.... သွားကြမယ်လေ... မနက်စာရောဝယ်ရမှာလားသက်.... ငါတော့မစားတော့ဘူး"

"ဒီနေ့တော့မဝယ်တော့ဘူးလင်း.... အိမ်မှာစားချိန်ရလို့စားလာတယ်....လင်းမစားဖြစ်တာများနေပြီနော်"

"အင်း သက်.... မစားချင်တာနဲ့ပဲ.... ပိန်လာတော့ပိုများလှလာမလားလို့...."

ကျွန်မနောက်လိုက်တော့ သက်သက်က သူသိပြီးသားဆိုသည့်အကြည့်နဲ့

"ကဲပါ.... မစားချင်တာဖြစ်ဖြစ်.... မစားနိုင်တာဖြစ်ဖြစ်..... လင်းကိုပြောလို့မနိုင်တော့ဘူး..... နောက်မှအေးဆေးပြောမယ်.... အခုကရုံးတက်တော့မှာ....."

ကျွန်မနားညည်းတော့ နည်းနည်းသက်သာသွားပြီပဲ

ရုံးထဲဝင် အလုပ်လုပ်ဖို့ပြင်တော့လွန်ခဲ့တဲ့ ၂ ပတ်က အခြေအနေကိုပြန်မြင်ယောင်မိသည်။

ကျွန်မအချစ်ဆုံးချစ်ရသူက ပြောလိုက်တဲ့

"လင်း ကိုယ်တို့ တူတူရှိဖို့မဖြစ်နိုင်တော့ဘူး..... လမ်းခွဲကြစို့.... "

ပြန်ကြားယောင်လာသည် အဲ့စကားကို သူပြောလိုက်တုန်းကရောအခုထိတိုင် လက်ခံလို့မရ။ ငါဘာများမှားခဲ့လဲ ဆိုသည့်အတွေးက အထပ်ထပ် အခါခါ ခေါင်းထဲကထုတ်လို့မရ။ အစပိုင်းကပိုဆိုး အခုကတော့ သူကဘာမို့လို့ဆိုတဲ့ အတွေးဝင်လာသည်။ သူကတောင်ပြောရက်တာပဲ ငါလည်းမေ့နိုင်ရမယ်။ စိတ်ကို သံပတ်ပြန်တင်းတော့ မရ နိုင်တဲ့စိတ်ကိုမုန်းလာသည်။ ဆက်သွယ်ဖို့ကြိုးစားခဲ့သည့်ကိုယ့်ကိုကိုယ် လည်းမုန်းသည်။ ထိုနည်းတူ သူ့ကိုလည်း မုန်းသည်။

You've reached the end of published parts.

⏰ Last updated: Aug 16, 2020 ⏰

Add this story to your Library to get notified about new parts!

နာကျင်ဆုတောင်းWhere stories live. Discover now