သစ်ရွက်ကလေးလှုပ်တာကိုတောင် သဘောကျစွာ
ရယ်မောနေတတ်တဲ့ အရွယ်မှာ အချစ် ကို ရှာတွေ့ဖို့
သိပ်ကို လွယ်ကူနေတာမဟုတ်ဘူးလား..
အပေါ်ယံ ခနတာ စွဲမက်သွားတာမျိုးရော
မဟုတ်ဘူးလား....
လူတွေပြောနေကြသလို ဆယ်ကျော်သက်တွေမှာ ရှိတတ်တဲ့ crush ဆိုတာမျိုးရော မဖြစ်နိုင်ဘူးလား!အဖြေကတော့ No ပါ..
Highschool crush မျိုးလောက်ပဲဆိုရင်
သူမ ရယ်လိုက်တိုင်းအဝေးကနေ အမြတ်တနိုး
ငေးကြည့်နေမယ် ထင်လား။ကျောင်းပိတ်ရက်တွေကို သူမနဲ့ ဝေးစေတဲ့ နေ့တွေ
အဖြစ် မုန်းနေမိမယ်လို့ ထင်လား။သူမရဲ့ အပြုအမူ လှုပ်ရှားမှုတိုင်းကို ဂရုတစိုက်နဲ့
အသေးစိတ် အထိ လိုက်မှတ်နေမယ် ထင်လား။နောက်ဆုံး သူမ မှ ပြန်မချစ်ရင် ကိုယ်ဟာ
ရူးသွားလောက်တယ်လို့ တွေးနေမိပါ့မလား။အနည်းဆုံးတော့ သူ့အတွက်
ကိုယ့်ခံစားချက်ဟာ စစ်မှန်တယ်..
ဤမှန်သော စကားကြောင့်..............................................
'ဟဲ့ !သရေ ကျနေပြီ..သတိထားဦး'
ဘေးက Yena ရဲ့ အသံကြားမှ Chaeyeon ယောင်ဝါးဝါး
နဲ့ နှခမ်းကို စမ်းလိုက်၏။'Yah..တကယ်လဲ မဟုတ်ဘဲနဲ့ :('
သူက စိတ်ပျက်စွာ ညည်းလိုက်ပြီး Yena ကို
မျက်စောင်းထိုးသည်။ လက်ကလဲ မလိုအပ်ပဲ
အအေးခွက်ထဲကို ပိုက်နဲ့မွှေလိုက်မိသည်။'နင့်ပုံစံက ဆန်းဘေးကို
စားမတတ်ကြည့်နေတာကိုး..
အမြင်ကတ်လို့ 'Ýena က ပြုံးစစပြုံးကာ အာလူးချောင်းကြော်ကို
ကောက်ဝါးနေသည်။ သူ့သူငယ်ချင်းပြောလဲ
ပြောချင်စရာ..ဒါပေမဲ့ တစ်ဝိုင်းကျော်မှာ ထိုင်ကာ
သူငယ်ချင်းတွေနဲ့ ရယ်မောနေတဲ့ Eunbi ဆန်းဘေးနင်းမ်ကတော့
သူ့ကို ဘယ်တုန်းကမှ
သတိထားမိပုံမပေါ်။Eunbi က လှသလို social လဲကောင်းတော့
သူမအနားမှာ ဝိုင်းဝိုင်းလည်နေတာတော့ မဆန်းဘူးလေ .. သူတို့ထက် တစ်နှစ်ကြီးတဲ့ ဆန်းဘေးမို့ တစ်ခါမှလဲ စကားမပြောဖူးသလို့
ပြောစရာအကြောင်းလဲ
မရှိတာမို့ ခပ်တန်းတန်းပင်။
ဒါပေမဲ့ ကံတရားက Chaeyeon ကို မျက်နှာသာ ပေးထားတာ တစ်ခုတော့ရှိသည်။
သူတို့အိမ်က
Eunbi ရဲ့ အိမ်နှင့်မဝေးတာမို့
အိမ်ပြန်လမ်းတူ
နေသည်. ..ဒါပေမဲ့ လမ်းမှာတွေ့ရင်လဲ
နှုတ်မဆက်ရဲဘဲ နောက်ကနေသာ တိတ်တိတ်လေး
လျှောက်ပြန်ခဲ့ရတဲ့ ရက်တွေက မနည်းမနော..
YOU ARE READING
May Be ,We..
Fanfictionမိုးရေစက်တွေဆီမှ ထီးပြာလေးက သူတို့နှစ်ယောက်လုံးအတွက် မလုံခြုံစေနိုင်တဲ့အခါ Chaeyeon က သူ့ အပေါ်ဝတ်ကို ချွတ်ကာခေါင်း ပေါ်မိုးတယ်။သူ့လုပ်ရပ်ကိုနားမလည်သလို Eunbi မော့ကြည့်တော့ 'ဆန်းဘေးကို မိုးတွေ စိုကုန်လို့' 'ဒါပေမဲ့ မင်းကရော?' 'ငါက ရပါတယ်..ဆန်းဘေးက...