၃ရက်လောက် အပြင်းဖျားပြီး ကျောင်းကို ရောက်လာတဲ့အခါမှာတော့ ကျောင်းရှေ့မှာ သူ့ကိုစောင့်နေတဲ့ Yenaကိုတွေ့လိုက်ရသည်။ အနားကို ရောက်တော့ Yenaက
သူ့ပခုံးကို ဖက်လိုက်ရင်း စကားတပြောပြောနဲ့
စာသင်ခန်းဆီ လျှောက်လာခဲ့ကြသည်။ထိုအကြောင်းအရာ တစ်ခုကိုတော့ Yena
စကားစဖို့ မဝံ့ရဲပေမဲ့
'Yeon ah...umm..နင် ကျောင်းမတက်တဲ့
နေ့တွေက ငါ့ဆီ ဆန်းဘေးရောက်လာတယ်''ဟုတ်လား..'
Chaeyeonက စိတ်မပါတဲ့ပုံစံနဲ့ ပြန်ဖြေပေမဲ့
သူ့စိတ်ထဲမှာ ဆန်းဘေး yenaကို ဘာတွေ ပြောခဲ့လဲဆိုတာကို သိချင်နေပြန်သည်။'နင် နေမကောင်းဖြစ်နေတယ်ပြောတော့ စိတ်ပူသွား
ပုံပဲ.. ငါလေ သူ့ကို တွေ့တော့ ဒေါသတွေ ထွက်နေတာ
နင့်ကို ခုလို ငြင်းလိုက်ပြီးမှ ဂရုစိုက်သလို ဟန်ဆောင်-'Yena ah..'
'ဟမ်?'
Chaeyeon က သူမသူငယ်ချင်းကို နွမ်းလျစွာ
ပြုံးပြရင်း
'ဆန်းဘေးကို အပြစ်မတင်ပါနဲ့..ဆန်းဘေးမှာ
ဘာအမှားမှ မရှိပါဘူး..ငါ့ဘက်က ခံစားချက်တွေကြောင့်သာ ဒီလိုတွေ ဖြစ်နေရတာ''ဒါပေမဲ့လဲ'
'ငါ အဆင်ပြေ ပါတယ်'
အဆင်ပြေသွားမှာပါ...
.................................................
နေ့လည်စာ စားချိန်မှာတော့ Chaeyeon
တစ်ယောက် ပြိုင်ပွဲမှာ ဝင်ပြိုင်ရမဲ့
ကကွက်တွေကို
နားကြပ်တပ်ကာ သေချာ ပြန်ကြည့်နေသည်။
Yena တို့နဲ့ ကန်တင်း မလိုက်ဖြစ်တာက
မတော်လို့များ ဆန်းဘေးနဲ့ဆုံသွားမလား ဆိုတဲ့ အတွေးကြောင့်ပါ။ ရှေဆက်လို့မရနိုင်တဲ့
ခံစားချက် မဟုတ်လား..သူ့ဘက်ကပဲ
ဖြတ်နိုင်အောင် ကြိုးစားရမှာပေါ့။ပြူတင်းပေါက် နားမှာထိုင်နေတဲ့ သူ က
ကော်ရစ်ဒါတစ်လျှောက် ကျောင်းသားတွေ
အများကြီးဆိုတော့ သူ့ဘေးမှာ
တစုံတယောက်ရောက်နေတာကို
သတိမထားမိ..သူ့ စားပွဲပေါ်မှာ နွားနို့ဘူးရောက်လာပြီး
သူ့နဖူးကို ခပ်ဖွဖွ လာထိကပ်တဲ့ လက်ချောင်း
နွေးနွေးတွေကြောင့် သူ မော့ကြည့်လိုက်မိသည်။ ကံတရားက သူ့ကို စနောက်ရတာ
တော်တော် သဘောကျသည်ထင်၏။
ရှောင်နေသည်ဆိုကာမှ သူ့ရှေ့ ဆိုက်ဆိုက်
မြောက်မြောက် ရောက်လာတဲ့
Eunbi ဆန်းဘေး..
YOU ARE READING
May Be ,We..
Fanfictionမိုးရေစက်တွေဆီမှ ထီးပြာလေးက သူတို့နှစ်ယောက်လုံးအတွက် မလုံခြုံစေနိုင်တဲ့အခါ Chaeyeon က သူ့ အပေါ်ဝတ်ကို ချွတ်ကာခေါင်း ပေါ်မိုးတယ်။သူ့လုပ်ရပ်ကိုနားမလည်သလို Eunbi မော့ကြည့်တော့ 'ဆန်းဘေးကို မိုးတွေ စိုကုန်လို့' 'ဒါပေမဲ့ မင်းကရော?' 'ငါက ရပါတယ်..ဆန်းဘေးက...