ကမ္ဘာပေါ်မှာ လူတွေက သူ့နည်းနဲ့သူတို့ ထွက်သွားကြတတ်တယ်။ နှုတ်ဆက်ပြီးတော့ဖြစ်စေ၊ မနှုတ်ဆက်ဘဲဖြစ်စေပေါ့။ ချစ်လို့ပဲဖြစ်ဖြစ်၊ မုန်းလို့ပဲဖြစ်ဖြစ် လူတွေက ကိုယ်မပျော်ရာမှာ အကြာကြီးမနေကြပါဘူး။ ရုပ်ပိုင်းဆိုင်ရာအရထွက်ကြသလို၊ စိတ်ပိုင်းဆိုင်ရာအရလည်း ထွက်တတ်ကြတယ်။ သင်ရော ဝမ်းနည်းတဲ့အခါ၊ စိတ်ဓာတ်ကျတဲ့အခါ၊ ရန်ဖြစ်တဲ့အခါ အဲ့လူတွေဆီက စိတိပိုင်းဆိုင်ရာအရ ထွက်လာခဲ့ဖူးလား။ ထွက်ခဲ့ဖူးရင် သင်တို့ အလွန်ကံကောင်းကြပါတယ်။
ကျွန်တော့်မှာတော့ ထွက်သွားလို့မရတဲ့အပိုင်းအစလေးရှိနေသေးတယ်။ အဲ့နာမ်စားက သေးငယ်တယ်၊ အင်အားကြီးတယ်၊ ရစ်ပတ်ချည်နှောင်အားကြီးတယ်၊ ညှို့ယူဖမ်းဆောင်တယ်၊ သိုင်းဖက် လှောင်တွယ်ထားတယ်။ ကျွန်တော်ထွက်သွားလို့မရအောင်ကို ယစ်မူး ချိုမြိန်လွန်းတယ်။
ကျွန်တော်ထွက်သွားလို့မရအောင်ကို ညှို့ငင်ဖမ်းစားထားတယ်။
ကျွန်တော် ဘာမှ မတတ်နိုင်ပါဘူး။
ကျွန်တော် ဘာမှ မတတ်နိုင်တော့ပါဘူး။
ဒါပေမယ့်..ကျွန်တော် တတ်နိုင်လာမှာပါ၊ မကျိန်းသေသေးပေမယ့် ကျွန်တော်တတ်နိုင်လာမယ့် နေ့တော့ ရှိလာမှာပါ။
ဒါကြောင့်..
ကျွန်တော် ထွက်မသွားခင်လေး...