Intro Chapter

956 89 9
                                    


[Zawgyi]

" Kongpob ခန်းမထဲဝင်ရတော့မယ်လေ ဘယ်သူ့ကို တမျှော်မျှော်ဖြစ်နေတာလဲ "

နာရီကိုကြည့်လိုက် ကော်ရစ်တာဖက်မျှော်လိုက်ဖြစ်နေသော Kongpobကို Aim က ပုခုံးပုတ်ကာ ဆိုသည်အထိ Kongpobသည် အာရုံမရသေး။

" သူ့ချစ်ချစ်မျှော်နေတာ နေမှာပေါ့ကွာ မင်းကလည်း "

" ဟုတ်သားပဲ Phi Arthitက ခုထိ မလာသေးဘူးလား "

ဘယ်အချိန်က အနားရောက်လာမှန်းမသိသည့် Tewနှင့် Oakက ဝင်ပြောမှ Aimလည်း ဟိုဒီကြည့်မိသည်။

သူငယ်ချင်းတွေကို လှည့်မကြည့်ဘဲ အင်းကိုသာ သံရှည်ဆွဲပြောလိုက်သည့် Kongpobပုံစံက Phi Arthitကိုပဲ မျှော်နေသယောင်။ သူတို့ နားလည်ပါသည်။ ဒီနေ့က သူတို့ IE-59၏ ဘွဲ့နှင်းသဘင် အခမ်းအနားနေ့ဖြစ်သည်မို့ ချစ်ရခင်ရသွူေနှင့်အတူ အဖြတ်သန်းချင်ဆုံးနေ့တစ်နေ့ ဖြစ်မည်မလား။

" လာပါကွာ Phiက အလုပ်များနေလို့နေမှာ အထဲက စောင့်ကြတာပေါ့ "

သို့သော် အခမ်းအနားကလည်း စတော့မည်မို့ Tewက ပုခုံးကို လှမ်းဖက်ကာ ခန်းမဖက် ဆွဲခေါ်တော့ Kongpobခမျာ မလိုက်ချင် လိုက်ချင် ခြေလှမ်းဖြင့် ပါတော့ပါလာသော်လည်း လည်တပြန်ပြန်နှင့် စိတ်ကမပြတ်ချင်။

" Heyyy Nongတို့ "

ထိုစဉ် ကော်ရစ်တာဖက်မှ ပြေးလာသော ခြေလှမ်းတို့နှင့်အတူ ကြားလိုက်ရသော အော်ခေါ်သံကြောင့် Oakတို့ လေးဦးလုံး လှည့်ကြည့်တော့ အပြေးလာနေသော စီနီယာသုံးဦးကို မြင်လိုက်သည်နှင့် ခုနက အသံက စီနီယာBright၏ အာပြဲသံကြီးမှန်း အားလုံးသိလိုက်ပါပြီ။

" စီနီယာတို့ လာကြတယ်နော် "

" အေး ဟိုနှစ်ကောင်က လုံးဝ မအားလို့သာ ငါတို့ သုံးယောက်ထဲလာရတာ ဟူးးး မောလိုက်တာကွာ အဲ့သေချင်းဆိုးငနာလေးက သူ့ဟာသူ အလုပ်မပြီးပဲ အခုမှ အသေလာလောနေတာ နော့ Prem "

" ဟေ့ ဟေ့ ငါ့ဆွဲမထည့်နဲ့စမ်း "

ရောက်သည်နှင့် ဒူးပေါ် လက်ထောက်ကာ အမောဖြေရင်း Premကို စစ်ကူခေါ်ပြီး  Arthitကို အပြစ်တင်ပြောဆိုလာသည့် Brightကြောင့် စီနီယာတွေ ဖြစ်အင်ကိုကြည့်ပြီး Oakတို့ အားလုံး ရယ်မိကြတော့ Arthit၏ မျက်စောင်းက ၁၈၀ဒီဂရီပတ်လည် ကြည့်လာမှ မျက်နှာပိုးသတ်လိုက်ရသည်။ သူတို့စီနီယာသည် သူတို့အပေါ် အကြည့်တစ်ချက်နှင့်ပင် သြဇာညောင်းနေဆဲ။ သို့သော် ထိုသူများထဲ Kongpobမပါဝင်ခဲ့။

You've reached the end of published parts.

⏰ Last updated: Nov 01, 2023 ⏰

Add this story to your Library to get notified about new parts!

Flirtatious Intern & My BuroliebeWhere stories live. Discover now