ချစ်ရသော"သူ"
ကျိုးချန်နဲ့ရှောင်ကျန်တို့ အောက်ကိုဆင်းလာတော့
ရှောင်ပါပါး-လာသားတို့ ဒါလေပါးတို့ပြောတဲ့ ချီရန်ရဲ့တူအကြီး
လျိုဟွိုက်ခွမ်းဆိုတာလေရှောင်ကျန့်-အော် တွေ့ရတာဝမ်းသာပါတယ် ကော ကျွန်တော်ကရှောင်ကျန့်ပါ ဒါကကျွန်တော့ညီလေးကျိုးချန်တဲ့
လို့မိတ်ဆက်ပေးပြီး ကျိုးချန်ကိုလှည့်ကြည့်လိုက်တော့ ဟွိုက်ခွမ်းကော ကိုမျက်လုံးကြီးပြူးပြီးငေးနေတာကိုတွေ့လိုက်တယ်'အဟမ်း ကျိုးချန် ရေငမ်းတာခဏရပ်ပြီးနှုတ်ဆက်လိုက်ဦး'
အဲ့တော့မှအသိပြန်ဝင်လာသလိုနဲ့ ဂုတ်ကိုလက်နဲ့ပွတ်ကာ မျက်နှာကြီး
ရဲပြီးတော့ နှုတ်ဆက်လိုက်တယ်ကျန်းချန်- ဟုတ် ဟုတ်ကဲ့ ကျွန်တော်ကကျိုးချန်ပါ ကော
ကဲကဲ ကလေးတွေစကားပြောတာတွေရပ် ထမင်းစားခန်းထဲကိုကြွကြပါ
ဦး ထမင်းစားပြီးမှအေးဆေးပြောကြပေါ့ရှောင်မာမားပြောတော့အကုန်လုံး ထမင်းစားခန်းထဲကိုဝင်သွားကြသည်
**************************************************
ရှောင်မားမား- သားတို့ မင်းတို့အကိုတွေနဲ့ခြံထဲဆင်းလမ်းလျှောက်ချင်
လျှောက်လေ မားတို့ကဒီမှာပဲစကားပြောရင်းကျန်ခဲ့မယ်ရှောင်ကျန့်-ဟုတ်ကဲ့မား လာလေကောတို့ သွားကြမယ်
ခြံထဲသို့ရောက်သောအခါ
ရှောင်ကျန့်- ဟွိုက်ခွမ်းကော ကျွန်တော်တို့ကိုမှတ်မိတယ်မှတ်လား
ကောတို့ဟိုဘက်ခြံမှာ နေတုန်းကဆော့ဖော်ဆော့ဖက်တွေလေ ဟီးဟွိုက်ခွမ်း- ကောမှတ်မိပါတယ် ရှောင်ကျန့်လေးကို ဒါပေမယ့် ဟိုတစ်ယောက်ကို တော့သိပ်မမှတ်မိဘူး
ဟုဆိုကာခေါင်းငုံးပြီးလမ်းလျှောက်နေတဲ့ ကျိုးချန်ကို လက်ညှိုး ထိုးပြလိုက်တယ်
ရှောင်ကျန့်-ဟုတ်လောက်မယ် သူကအရင်တုန်းက တစ်ခါတစ်လေမှအိမ်ကို လာလည်တာလေ
ဟွိုက်ခွမ်း- ဟမ် ဘယ်လို ဘယ်လို
ရှောင်ကျန့်- အယ် ကော နားရှုပ်သွားပြီထင်တယ် ဒီလိုကောရဲ့
ကျိုးချန်ကလေ ကျွန်တော့ရဲ့ညီအရင်းမဟုတ်ပါဘူး သူရဲ့မိဘတွေနဲ့
ကျွန်တော်ရဲ့မိဘတွေကလဲသူငယ်ချင်းတွေပဲလေ ကျိုးချန်ရဲ့မိဘတွေဆုံးသွားတော့ မားတို့ကပဲမွေးစားလိုက်တာလေ