ဒီနေ့ ယွန်းဂီတို့တူဝရီးနှစ်ယောက်
တောထဲကို ဆေးမြစ်တွေဘာတွေရှာရင်း
အလည်သွားကြမှာဖြစ်တယ်။
ထုံးစံအတိုင်းဂျီမင်က တီရှပ်အဝါလေးနဲ့
ဒူးအထက်လောက်ပဲရှိတဲ့ဘောင်းဘီတိုလေးကို
ဝတ်ထားပြီး လောက်စလုံးတွေထည့်ထားတဲ့
လွယ်အိတ်ပုစိလေးကိုလွယ်ထားတယ်။သူ့လက်ထဲမှာတော့ တလောကမှ
ဦးလေးဖြစ်သူအသစ်လုပ်ပေးထားတဲ့
လေးဂွအသစ်စက်စက်လေးကိုကိုင်လို့ပေါ့။
တောထဲသွားရမှာကိုပျော်နေရှာတဲ့
ဂျီမင်က ခုန်ပေါက်လို့နေတယ်။ယွန်းဂီကတော့ လိုအပ်တဲ့ကိရိယာတွေနဲ့
ထမင်းချိူင့်တွေကို သေချာထည့်နေတယ်။" ခမောက်ဆောင်းထား ပူတယ် "
နှစ်လုံးရှိတဲ့ခမောက်ထဲမှ တစ်ခုကို
ဂျီမင်ကိုဆောင်းပေးလိုက်ရင်း
ယွန်းဂီတို့ အိမ်ကနေစတင်ထွက်ခွာတော့တယ်။
ရွာလမ်းတစ်လျှောက် ဂျီမင်က
သူ့ဂွလေးနဲ့ မြင်မြင်သမျှ ကြက်တွေကို
လန့်အောင် ခြောက်နေတော့တာပဲ။" ဦး. .ဦး. . . သားတို့ ငါးရောဖမ်းမယ်နော်။
နော်...နော်...""အေး...ဖမ်းမယ်။
ငြိမ်ငြိမ်လျှောက်...လျှော်လဲမှ ဖိနပ်ပြတ်နေမယ်"" ဟီး...... "
ယွန်းဂီတို့ကျေးရွာက စိုက်ပျိူးသမားတွေချည်းမို့
မနက်ဆိုလူတိုင်းအိမ်မှာမရှိကြတော့ဘူး။
မလုပ် မကိုင်နိုင်တော့တဲ့ သက်ကြီးတချိူ့နဲ့
ကလေးတွေပဲ အိမ်မှာကျန်ခဲ့တယ်။
ရွာရဲ့မနက်ခင်းလေးကသူ့ဟာနဲ့သူတော့
အသက်ဝင်နေတယ်။အနောက်ဖက်ယွန်းယွန်းမှာရှိတဲ့
တောအစပ်လေးကိုရောက်တော့
ယွန်းဂီမှာ စပ်စလူးထနေတဲ့
ဂျီမင်လက်ကိုဆွဲပြီး ဟိုလျှောက်လျှောက်
ဒီလျှောက်လျှောက် လျှောက်မသွားဖို့မှာရသေးတယ်။တောကအနက်ကြီးမဟုတ်ပေမဲ့လည်း
အတော်လေးကျယ်တော့
လူချင်းကွဲသွားရင် ဒုက္ခရောက်သွားနိုင်တယ်လေ။" ငါ့လက်ကိုလုံးဝလွှတ်လို့မဖြစ်ဘူးနော် သိတယ်မလား "
" ဟုတ်. . ."
- -
" ဝိုး...ဒီပန်းလေးကလှလိုက်တာ
အဲ့တာ ဘာပန်းလဲဟင် ဦး "