Part - 11

915 80 7
                                    

အပိုင်း(၁၁) - အရှင့်သားရဲ့ ကျန့်ဝမ်ဖေးက ဝေ့ဝူရှန်းပဲ

နောက်တစ်ရက် နေ့လယ်ခင်းအချိန်၌ တိတ်ဆိတ်ငြိမ်သက်နေသည့် ဝူကျီးစံအိမ်တော် အနောက်ဆောင်ရှိ ဝမ်ဖေးနန်းဆောင်တော်၏ ဧည့်ခန်းမဆောင်ထဲတွင် လှပသော အမျိုးသမီးသုံးဦး တိတ်ဆိတ်စွာရှိနေကြလေသည်။ ထိုအခိုက်တွင် ဧည့်ခန်းမဆောင်၏ တံခါးမကြီးပွင့်ဟသွားကာ ပန်းနုရောင်ဝတ်စုံဆင်မြန်းထားသည့် အလွန်လှပသည့် အမျိုးသမီးတစ်ဦး ဝင်ရောက်လာလေသည်။ ထိုအမျိုးသမီးသည် မျက်နှာအား အထူးတလည်ပြင်ဆင်ခြယ်သထားပြီး ပန်းဆံထုံးမြင့်မြင့်ကို ထုံးနှောင်ထားကာ အလွန်ပင် မောက်မာဝင့်ကြွားသော သွင်ပြင်လက္ခဏာရှိလေသည်။ သူမသည် ဝူကျီးစံအိမ်တော် အနောက်ဆောင်၏ သြဇာအကြီးဆုံးသော အရံကြင်ယာတော် ချင့်မင်ယွိဖြစ်လေသည်။

"မမ ရောက်လာပြီကိုး... ဒီမနက်မမ အအေးမိတယ်ကြားလို့ ညီမက စိတ်ပူနေမိတာ"

သကာရည်လောင်းထားသည့်အလား ချွဲနွဲ့လှသည့်အသံဖြင့်ကြိုဆိုလာသူမှာ ကိုယ်လုပ်တော် ဝူရှောင်ချင်း ဖြစ်လေသည်။ ဝူ‌ရှောင်ချင်းသည် ချင့်စီဖေးအား လက်တွဲကြိုဆိုကာ ခန်းမဆောင်၏ ညာဘက်ထိပ်၌ နေရာယူစေသည်။

"မမ ကျန်းမာရေးမကောင်းလို့ မလာနိုင်မှာစိုးရိမ်နေမိနေတာ"

ချင့်မင်ယွိသည် သူ့အားလောကွက်ပြုလာသော ချူးမေ့ရန်ကို မကြည့်ဘဲ သူမ၏ မျက်နှာချင်းဆိုင် ခန်းမ၏ ဘယ်ဘက်ထိပ်၌ နေရာယူထားသည့် လော့စီဖေးအား တစ်ချက်စောင်းငဲ့ကြည့်လေသည်။ အဝါနုရောင် ပိုးချည်ထိုး ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ရိုးရှင်းစွာပြင်ဆင်ခြယ်သထာသည့် လော့ချင်းယန်သည် အေးဆေးငြိမ်သက်စွာ ထိုင်နေပြီး ချင့်မင်ယွိအား နှုတ်မဆက်သည့်အပြင် တစ်ချက်လေးမျှပင် စောင်းငဲ့မကြည့်ပေ။

"လောချင်းယန်၊ မင်းက တို့ရဲ့ ဖိတ်ကြားမှုတိုင်းကို အချိန်တိုင်း ငြင်းပယ်ခဲ့တာ၊ အခုတစ်ခေါက်တော့ ခေါ်တိုင်း ရောက်လာသားပဲ"

"ဒီနေ့ ဝမ်ဖေးက အထူးတလည် ဆင့်ခေါ်တာကို လာရမှာပေါ့၊ ကိုယ်လုပ်တော်တွေက ပဏာမကြင်ယာတော်ရဲ့ အမိန့်ကို မနာခံလို့ ဘယ်ဖြစ်မလဲ"

The Legend of WangXianWhere stories live. Discover now