Zawgyi ver~~
♕ အထက်တန်းလွှာ ♕
အ ထက် တန်း လွှာ ...
အထက်တန်းလွှာလို့ရေရွတ်လိုက်ရင်
လူတိုင်းပြေးမြင်ကြတာက တိုက်တွေကားတွေ
တစ်စီးတည်းတစ်တိုက်တည်းထက်မနည်းမနော
ပိုင်ဆိုင်ထားကြတဲ့သူတွေကို ။တကယ်ပဲ အဲ့လိုတွေပိုင်ဆိုင်ပြီးချမ်းသာနေမှ
အထက်တန်းဆန်တာလား။မဟုတ်ပါဘူး..ပိုက်ဆံချမ်းသာမှသာ
အထက်တန်းကျတာမဟုတ်ဘူး ။ဒါမဲ့လူတွေယုံကြည်ယူဆထားကြတာက
ငွေကြေးပြည့်စုံခြင်းသာလျှင်အထက်တန်းဆန်တာ ။ခင်မင်မှုတွေကြားမှာ ငွေကြေးကိုထိုးသိပ်လာတယ် ။
ရိုသေလေးစားမှုကိုငွေကြေးကဖုံးလွှမ်းနိုင်တယ် ။
ငွေများတရားနိုင်ဆိုတဲ့စကားတောင်
ပေါ်ထွက်လာရသည်အထိ တရားခွင်တွေမှာဆိုရင်
တစ်ဖက်ကနေကျွေးနိုင်ရင်ကျွေးနိုင်သလောက်
အမှုနိုင်နိုင်ချေများတယ် ။ဘယ်သူကတရားခံဆိုတာပြေးကြည့်စရာမလိုဘူး ။
ငွေကြေးပဏ္ဏားတွေပေးနိုင်သမျှတော့
ဘယ်တော့မှတရားခံဖြစ်လာနိုင်မှာမဟုတ်ဘူး။ဒါတင်ဘယ်ဟုတ်မလဲ ... ။
ချစ်ခြင်းမေတ္တာတွေကြားမှာလည်း
အသပြာငွေဟာအရမ်းစကားပြောလာတယ် ။အချစ်စစ်နဲ့ချစ်နေပေးရင်တောင်
ငွေကြေးမပြည့်စုံရင်ထားသွားခံရတာမျိုး ။ငွေကြေးချမ်းသာမရှိလို့
ချစ်သူနဲ့အခွဲခံရတာမျိုး ။ကျနော်ပြောပြချင်တာကလည်း
အပေါ်ကပြောခဲ့တာနဲ့မထူးမခြားနားလေးပါပဲ ။ဒီဇာတ်လမ်းလေးထဲမှာက...
အဆင့်အတန်းခွဲခြားလွန်းပြီး
အရာအားလုံးကိုငွေကြေးနဲ့ဖြေရှင်းနိုင်တယ်လို့
ယုံကြည်နေတဲ့ ဒေါ်နန်းသူဇာခေါ် မိခင်တစ်ယောက် ။