Zawgyi ver~~
မင်းမဟော် ♡ နွေတိမ်လွင်ပြင်
~~~~~~~~~~~~^~~~~~~~~~~
အာကာတခွင်ညို့မှိုင်းနေတဲ့တိမ်တွေနဲ့ကောင်းကင်က
ညစဉ်ခါကကြယ်ရောင်လရောင်ထွန်းလင်းနေခဲ့တာ
သူမဟုတ်သလိုပဲ ။မနက်ခုနစ်နာရီအချိန်ပင်ရှိသော်လည်း
မဲမှောင်နေဆဲကောင်းကင်ကြီးကြောင့်
အိပ်ယာထဲမှာပေကပ်အိပ်နေကြမည့်သူတွေက
ပေါများလှပေသည် ။ဘယ်သူတွေဘယ်လိုပဲပေကပ်အိပ်အိပ်
အဲ့လိုအိပ်နေတဲ့အထဲမှာ နွေတိမ်လွင်ပြင်မပါခဲ့ဘူး ။နွေတိမ်လွင်ပြင်ဆိုသည်က အသက်၂၂အရွယ်
ကောင်ငယ်လေး ။ခပ်လတ်လတ်အသားအရည်လေးနဲ့
ငါးပေခုနစ်ရှိတဲ့အရပ် ။အနည်းဝိုင်းစက်သယောင်ထင်ရတဲ့မျက်နှာလေးက
စူးရှတဲ့မျက်လုံးလေးနှစ်လုံး နှာတံလေးနဲ့
ပါးချိုင့်လေးတို့ရဲ့အားဖြည့်မှုဖြင့် အပြတ်အသတ်ကို
ချောမောခန့်ညားနေရဲ့ ။အိုး..နှုတ်ခမ်းပါးရဲရဲလေးကိုလည်းမေ့ထားလို့
ဖြစ်ပါ့မလား .... ။နွေတိမ်မှာက နာမကျန်းဖြစ်နေတဲ့အမေရယ်
ကိုးတန်းတက်နေတဲ့ညီမလေးတစ်ယောက်ရယ်
ရှိပေမဲ့ ဇာတ်လမ်းတွေထဲကလို
ဘဝနာတာမျိုးကြီးတော့မဟုတ် ။သူတို့ပိုင်ဆိုင်ထားတဲ့ပျဉ်ထောင်နှစ်ထပ်အိပ်လေးက
အောက်ထပ်မှာအခန်းငှါးထားတာမို့
ထိုကရတဲ့အခန်းငှါးခလေးက နွေတိမ့်ညီမလေးရဲ့
စာအုပ်ဖိုးနဲ့ မုန့်ဖိုးတော့ဖာလေသည် ။အိမ်ရဲ့စားစရိတ် အမေ့ဆေးဖိုးအတွက်ကတော့
နွေတိမ်လက်ရှိလုပ်နေတဲ့အလုပ်ကလစာလေးနှင့်
ချောင်ချောင်လည်လည်တော့ရှိပေသည် ။နွေတိမ် အမေနဲ့ညီမလေးစားဖို့အတွက်
ထမင်းနဲ့ဟင်းအချို့ချက်ပြုတ်ပြီးတဲ့နောက်
ရေချိုးအဝတ်လဲပြီးအလုပ်ကိုခပ်သော့သော့ထွက်လာလိုက်သည် ။