<Unicode/>
စုန်းမ၁ညှို့ယူဖမ်းစားတတ်သောစုန်းမ
အမှောင်နှလုံးသားကိုသန့်စင်နိုင်စွမ်းသောစုန်းမ
စုန်းလောကရဲ့အရှင်မတဲ့
လူတွေ အဲ စုန်းတွေကငါ့ကိုအဲ့လိုသတ်မှတ်ကြတယ်
တကယ်တော့ ငါကပျင်းရိတဲ့စုန်းမတစ်ကောင်ပါပဲ.....
ငါကပျင်းရင်အိပ်တယ်...နည်းနည်းပိုပျင်းလာရင်တော့......အလင်းစုန်းနဲ့ အမှောင်စုန်းတို့ရန်ပွဲလေးကိုအပျင်းပြေသွားကြည့်လေ့ရှိတယ်...ငါ့ရဲ့လူစီဖာနဲ့တူတူပေါ့.....ပိုပိုပျင်းလာရင်တော့....လူ့လောကကိုသွားပြီးအပျော်ရှာတယ်
ငါကအရမ်းအသက်ကြီးနေပါပြီ......၈၀၀ကျော်နေပြီပဲ.....အဖွားကြီးဖြစ်နေပါပြီ......ဒါပေမဲ့ငါ့ရဲ့ပုံပန်းက...အသက်နှစ်ဆယ်အရွယ်ကနေပိုကြီးမလာဘူး.......တကယ်ဆိုငါက သေရမဲ့အရွယ်ကိုတောင်လွန်သွားခဲ့ပြီ.....စုန်းတွေက သက်တမ်းသိပ်မရှည်ကြပါဘူး.....ငါတို့လုပ်ရမဲ့တာဝန်တွေပြီးရင် ငါတို့ကအငယ်သားကိုလက်လွှဲပီးအနားယူရတယ်လေ.....ပြီးတော့ ငါတို့ရဲ့ဝိဉာဏ်ကပြိုကွဲြြပီး
စုန်းလောကရဲ့ အင်အားကိုဖြည့်ပေးရတယ်....ငါတို့စုန်းလောက ကလူသာတွေကိုမှီခိုနေရတာလေ...ဘာလို့လဲဆိုတော့ အလင်းစုန်းတွေဆိုတာ လူသားတွေရဲ့ပျော်ရွှင်ခြင်းကိုစုပ်ယူရတာ...give and takeပဲလေ....ငါတို့ကပျော်ရွှင်အောင်လုပ်ပေးမယ်....ပျော်နေတဲ့နှလုံးသားကိုတော့ ငါတို့ကိုပြန်ပေးပေါ့.......
အမှောင်စုန်းတွေကြတော့.....မနာလိုမှုကြောင့်ဖြစ်လာတဲ့ အနက်ရောင်နှလုံးသားကိုယူကြတယ်......အဲ့တော့သူတို့က လူတွေအချင်းချင်း အခင်အမင်ပျက်အောင် မနာမှုတွေကြီးထွားလာအောင်လုပ်ကြတယ်...
အဲဒါကြောင့်ပဲ အဲ့နှစ်ဖွဲ့ကမတည့်ကြဘူး...သူမှားတယ်..ငါမှန်တယ်နဲ့ ရန်ဖြစ်ကြလေရဲ့.......ငါကတော့ဘယ်တော့မှဝင်မပါပါဘူး...ထိုင်ပဲ ြကည့်တာ...ငါကတော့ ဘယ်သူမှမှန်တယ်လို့ မထင်ပါဘူး.....လူတွေဆိုတာ လောဘအကြီးသား မဟုတ်လား......မနာလိုတာတွေ သဝန်တိုတာတွေ ကောက်ကျစ်တာတွေရှိမှာပေါ့.......
YOU ARE READING
The Witch!
Romancephoto credit to pinterest. ငါကပျင်းရိတဲ့စုန်းမတစ်ယောက် ငါကအသက်ရှစ်ရာကျော်နေတဲ့ စုန်းမအိုတစ်ယောက် တစ်နေ့ ကလေးတစ်ယောက်ကိုကယ်မိတာကစပြီး ငါ့ဘဝကြီးက ပြောင်းလဲသွားတယ်။ ကလေးလေး အိုဝမ်(owen)......ဒီနေ့ကစပြီးငါက မင်းရဲ့အဖွားပဲ ဖွားဖွားလို့ခေါ်ကြည့် အိုဝမ်(ow...