<Unicode/>
စုန်းမ ၂သက်တံရေတံခွန်၏ဘေးတွင် ၅နှစ်အရွယ်ကလေးတစ်ဉီး ကြောင်တစ်ကောင်နှင့် မိန်းမပျိုတစ်ဉီးတို့ရှိနေကြသည်။ မှန်ပါသည်။ ထိုသူတွေက ခုနက တုန်းက ကလေးကိုဆွဲခေါ်လာသော Auroraပဲ ြဖစ်သည်။
"ကလေး မင်းနာမည်ဘယ်လိုခေါ်လဲ''
"အိုဝမ်''သူစူပုပ်၍ဖြေလိုက်သည်။ ဒီအမျိုးသမီးဟာလေ သူ့ကိုကယ်ခဲ့တယ်ဆိုပေမဲ့ ဂုတ်ကနေဆွဲခေါ်လာသဖြင့် စိတ်တိုနေခြင်းဖြစ်သည်။
"မင်းမှာမိသားစုရှိလား''
"မသိဘူး..မမှတ်မိဘူး....''
"ဟုတ်သားပဲ နင်ကအခု အနက်ရောင်နှလုံးသားထည့်ခံထားရတော့ မှတ်ဉာဏ်တွေ့မေ့နေမှာပေါ့......ငါမေ့သွားတာ''
မေ့သွားဟန်ဖြင့်အသာဆိုနေသော အမျိုးသမီးကို ကြည့်၍ အိုဝမ် မျက်စောင်းထိုးလိုက်သည်။
"ဒါဆို နင်ငါနဲ့နေမလား....ငါနင့်ကိုမွေးစားမယ်လေ....ငါနင့်ရဲ့မွေးစားမေမေ မဟုတ်ဘူး ငါကအသက်အရမ်းကြီးနေပြီ မွေးစားဖွားဖွား လုပ်မယ်လေ....''
အိုဝမ်။ '.......'
လူစီဖာ။ '..........'{အရှင်မရဲ့ ဘယ်နေရာက အသက်ကြီးတဲ့ပုံ ပေါ်နေလို့လဲ ဘယ်လိုကြည့်ကြည့် အသက် နှစ်ဆယ်ကျော် အရွယ်လောက်ဟာ....}
"မြန်မြန် ငါ့ကိုဖွားဖွားလို့ခေါ်.....ငါနင့်ကိုမွေးစားလိုက်တော့မယ်......''
"အရှင်မ Aurora ကျွန်တော်က အခု အမှောင်စုန်းဖြစ်နေပြီ.....''
"ငါဂရုမစိုက်ဘူး..လူတွေတိုင်းကကောင်တဲ့လူမှ မဟုတ်တာ ကောက်ကျစ်တဲ့လူတွေ မနာလိုတဲ့လူတွေရှိတယ်..နင်သူတို့ဆီကစွမ်းအားယူလို့ရတယ်.....နင်ကိုယ်တိုင်လူတွေအချင်းချင်း စိတ်ဝမ်းကွဲအောင် မလုပ်သ၍ အဆင်ပြေတယ်...''
"အရှင်မ ကျွန်တော့်ရဲ့ မိသားစု ဖြစ်ပေးမှာလား''
"ဟော ငါနင့်ရဲ့မွေးစားဖွားဖွားလုပ်ပါမယ်ဆို...''
"ကျွန်တော်ကလွဲပြီး အခြားလူကို ထပ်မမွေးစားရဘူး..ကျွန်တော်တစ်ယောက်ထဲကိုပဲ ဂရုစိုက်ပေးနိုင်မလား...''
YOU ARE READING
The Witch!
Romancephoto credit to pinterest. ငါကပျင်းရိတဲ့စုန်းမတစ်ယောက် ငါကအသက်ရှစ်ရာကျော်နေတဲ့ စုန်းမအိုတစ်ယောက် တစ်နေ့ ကလေးတစ်ယောက်ကိုကယ်မိတာကစပြီး ငါ့ဘဝကြီးက ပြောင်းလဲသွားတယ်။ ကလေးလေး အိုဝမ်(owen)......ဒီနေ့ကစပြီးငါက မင်းရဲ့အဖွားပဲ ဖွားဖွားလို့ခေါ်ကြည့် အိုဝမ်(ow...