ယုံကြည်သူများစွာတို့သည် အောက်ပါ သမ္မာကျမ်းဆိုင်ရာ ပရောဖက်ပြုချက်ကို ဖတ်ရှုပြီးဖြစ်သည်၊ " လူသားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကို ဆောင်လျက်၊ မိုဃ်းတိမ်ကို စီး၍ ကြွလာတော်မူသည်ကို မြင်ရကြလိမ့်မည်။" (မဿဲ ၂၄:၃၀) သခင် ပြန်ကြွလာသည့်အခါ သူသည် မိုးတိမ်နှင့်အတူ ဧကန်မုချ ဆင်းကြွလိမ့်မည်ဟု သူတို့ ယုံကြည်ကြသည်။ သို့သော် ကျမ်းစာထဲတွင်၊ " သူခိုးကဲ့သို့ ငါလာ၏။" (ဗျာဒိတ် ၁၆:၁၆) " သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်၊" (မဿဲ ၂၅: ၆) ဟု ဆိုသော အခြား ပရောဖက်ပြုချက်များ ရှိလေသည်။ သခင်သည် မိုးတိမ်ပေါ်မှ ပေါ်ပေါ်တင်တင် ဆင်းကြွလိမ့်မည်ဟူသော ပရောဖက်ပြုချက်အပြင်၊ သခင်သည် တိတ်တဆိတ် ကြွလာလိမ့်မည်ဟူသော ပရောဖက်ပြုချက်များလည်း ရှိသည်မှာ သိသာထင်ရှားပေသည်။ ထို့ကြောင့် သူ၏ ပြန်လည်ကြွလာခြင်းနှင့် ပတ်သက်သည့် သမ္မာတရားမှာ အဘယ်နည်း။
YOU ARE READING
ခရစ်ယာန် ရုပ်ရှင်များ
Разноеတစ်ချိန်တုန်းက ယေရှု၏ အမှုမှာ လူသားတစ်ရပ်လုံးကို ရွေးနုတ်ကယ်တင်ခြင်း ဖြစ်ခဲ့သည်။ သူ့ကို ယုံကြည်သူတို့၏ အပြစ်များအားလုံးသည် ခွင့်လွှတ်ပေးခြင်း ခံရပြီးလျက်၊ သူ့ကို ဆက်လက် ယုံကြည်နေသရွေ့ သူက သင့်ကို ရွေးနုတ်ကယ်တင်ပေးမည် ဖြစ်ပြီး၊ အကယ်၍ သင်သည် သူ့ကို ယု...