"Happy 1year anniversaryပါဦးငယ်"
မျက်လုံးနှစ်လုံးပွင့်တာနဲ့ အပြုံးပန်ဝေဆာစွာ နှုတ်ဆက်တတ်တဲ့ ငယ်ရဲ့အသံချိုချိုလေးကြောင့် မနက်ခင်းသာယာလှပနေတော့သည်....
"1year anniversary ဟုတ်လို့လားငယ်ရဲ့"
ကျွန်တော်အဲ့လိုပြောလိုက်တဲ့ လက်ချောင်းလေးတွေချိုးပြီးရေတွက်နေတဲ့ ငယ်ဟာ စစတွေ့တုန်းကလိုမျိုး ချစ်ဖို့ကောင်းနေတော့သည်...
"ငယ်တို့ လက်ထပ်တာက 1လပိုင်း13ရက်နေ့လေ ဒီနေ့လည်း1လပိုင်း13ရက်နေ့ပဲကို ငယ် တွက်တာမမှားပါဘူးနော်"
အာ~~တကယ်ပဲချစ်ဖို့ကောင်းနေလိုက်တော့ ငယ်ရေ....
"ဦးငယ်~~ဦးငယ်ရေ..."
"ဘာတုန်း ငယ်ရဲ့ "
"ဘာလို့ပြုံးပြုံးကြီးလုပ်နေတာလဲ ငယ်တွက်တာ မမှားဘူးလို့ပြောနေတယ်လေ"
"ဒါဆို ငယ့်အသက်က ဘယ်လောက်လဲ"
"ငယ့်အသက်က 21နှစ်လေ ဘာဆိုင်လို့လဲ ဦးငယ်ရ!!"
"နေပါဦး ဦးငယ်ပြောစကားကိုဆုံးအောင်နားထောင်ပါဦး"
ငယ်က သူမေးသမျှကိုတော့ အခုချိန်ထိ စိတ်ရှည်ရှည်နဲ့ကို ဖြေပေးနေတာပဲ
"ဦးငယ်နဲ့ ငယ်စတွေ့တုန်းက ငယ့်အသက်က ဘယ်လောက်လဲ "
"4နှစ်ကျော် ပေါက်စလေးပဲရှိသေးတာလေ ငယ်က အဲ့ကတည်းက ဦးငယ်ကိုချစ်ခဲ့တာလေ"
"ငကြွားလေး အဲ့စကားကိုကြုံတိုင်းကြွားနေတာပဲ"
"ချစ်လို့ချစ်တယ်ပြောတာလေ မချစ်ဘဲနဲ့ချစ်တယ်လို့ပြောစရာလား!!"
အာရီးဂူးးးး ဝက်ဝံပေါက်လေးက ရန်စွာတတ်နေပြီပဲ
"ဒါဆို ဦးငယ်ဆက်ပြောမယ် ငယ်ရဲ့အသက်21နှစ်ထဲက 4ကိုနှုတ်လိုက်ရင် ဘယ်လောက်ရလဲ"
"17 ရတယ်လေ"
"ဒါဆို Happy 17years anniversaryပေါ့ ငယ်ရဲ့ ဦးငယ်ကိုချစ်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ် ဒီထက်လည်းအများကြီးချစ်ပေးပါဦး"
သူ့ရဲ့ရင်တွင်းစကားသံအဆုံးမှာ အံ့သြသွားတဲ့ ငယ်ဟာ မျက်ရည်လေးတွေဝိုင်းလို့....
YOU ARE READING
💕 ဦးငယ် 💕 {Completed}
Short Storyဦးငယ်ချစ်သော...ငယ်.....? ငယ်ချစ်သော..ဦးငယ်...? ချစ်ရတဲ့မမသော်အတွက် birthday presentပါနော်??