နှလုံးသွေးကြောလေး part15

13.7K 1K 16
                                    

တစ်ခုတော့ မနက်ခင်းတွင် လရောင်တစ်ယောက် သူ့ကို တင်ကြပ်စွာဖက်ကာ အိပ်နေသော ဉီးကိုကြည့်လျက်ပြုံးမိသည်။ အိပ်နေရင်တောင် ဉီးကဘာမှပြောစရာမရှိလောက်အောင်ချောသည်။ နှာတံဖြောင့်ဖြောင့်လေးနဲ့ မထူးမပါးနှုတ်ခမ်းလေးက အရမ်းရဲမနေပေမဲ့ နီညိုရောင်လေးဖြင့်တော်တော်ကြည့်ကောင်းသည်။ ဟိုအရင်အပတ်ကဉီးက လရောင်လက်ဖြင့်ပြီးမြောက်အောင်ကြိုးစားလုပ်ခဲ့သည်။ဉီးကလရောင်မပေးရင်မယူဘူးဟု ပြောထားတာကြောင့် ကြည်နှုးမိသလို အားလည်းနာသည်။ဘယ်ယောက်ကျားလေးဖြစ်ဖြစ် ကိုယ့်ချစ်ရတဲ့လူကိုပိုင်ဆိုင်ချင်ကြတာဘဲ လရောင်လည်းယောက်ကျားလေးမို့ကောင်းကောင်းနားလည်ပါသည်။ တစ်နေ့နေ့တော့ ဉီးကိုပေးနိုင်အောင်ကြိုးစားကြည်မှာပါ။
အခုတော​့ ဉီးလည်း အလုပ်သွားရအုံးမယ် လရောင်လည်းကျောင်းသွားရအုံးမယ်ဆိုတာကြောင်...
"ဉီးရေ ထတော့​လေဉီးအလုပ်သွားရအုံးမယ်မလား ထတော့နော်"အာဏာလည်း ကလေးအသံလေးကြားပေမဲ့ မထချင်ယောင်ဆောင်ကာဟိုဘက်လှည့်လိုက်သည်။
"ဉီးရေ ထတော့နော် နောက်ကျနေမယ် ထရင် morning kissပေးမယ် မထရင်တော့.."
လရောင်တောင် စကားဆုံးအောင်မပြောလိုက်ရ။ဉီးကထထိုင်ကာ..
"Kissတော့ရပြီ ဉီးနိုးပြီ"
"ဟွန့် morning kissနဲမှဘဲထတော့တယ်နော်"
"ကလေးကလည်း ဉီးက ကလေးသာနမ်းမယ်ဆိုရင် ဘယ်အချိန် ဘယ်နေရာဖြစ်ဖြစ် ဉီးကအဆင့်သင့်ဘဲ"
"ဟွန့် အပိုတွေ"ဟုလရောင်လည်း ဉီးပါးကိုနမ်းကာ ထမလို့လုပ်တော့..
"No..no နှုတ်ခမ်း ကိုနမ်းလေ ကလေးကလည်း "
"ဟုတ်ပါပြီဗျ တကယ်တည်းနဲ့ ဉီးကလည်း"ဟုဆိုကာ လရောင် ဉီးနှုတ်ခမ်းကိုနမ်းလိုက်သည်။
"တော်ပြီ ထတော့ ကလေးလည်း အဝတ်အစားသွားလဲတော့မယ်"
လရောင်လည်းပြောပြီး ကိုယ့်အခန်းကိုပြန်ကာ ရေချိုးအဝတ်အစား လဲကာ ဉီးကိုစောင့်နေလိုက်သည်။ခဏအကြာ.
"ကလေးလေးရေ ပြီးပြီလား"
"ဟုတ် ပြီးပြီး"ဟုဆိုကာထွက်လာတဲ့ကလေးငယ်ကိုလက်ဆွဲလျက်အောက်ထပ်သို့ဆင်းလာသည်။
"ကလေးလေး ကိုယ့်ဒီနေ့ကလေးစားဖို့မုန့်ဟင်းခါးပြင်ပေးထားတယ် "အာဏာလည်းပြောလိုက်ရော မျက်လုံးလေးတွေလဲ့လာတဲ့ကလေးလေးကြောင့်..
"ဟီးး ဉီးတကယ်လား ကလေးက မုန့်ဟင်ခါးအရမ်းကြိုက်တာ"
"ဟုတ်ပါပြီဗျာ ဉီးသိတာပေါ့ လာကလေးလေး သွားစားကြမယ်"အာဏာလည်း ကလေးလက်ကိုတွဲကာ ထမင်းစားခန်းသို့ဝင်သွားပြီး..
"ကလေးအတွက် မုန့်ဟင်းခါးပြင်ပေးပါ"
"ဟုတ်ကဲ့boss".
အာဏာလည်း သူ့ရှေ့က မုန့်ဟင်ခါးစားနေသောကလေးငယ်ကိုကြည့်ကာ ချစ်စရာလေးကွာစားနေတာလေးက အတင်းသာဖက်နမ်းလိုက်ရင် အသက်ရှုကျပ်ပြီး စိတ်ကောင်အုံးမယ်။
"ဉီး ဘာလိုကြည့်နေတာလဲ စားတော့လေ"လရောင်လည်းသူကိုဘဲစိုက်ကြည့်နေတာကြောင့်ပြောလိုက်သည်။
လရောင်လည်း ဉီးနဲ့အတူစားသောက်ပြီးတော့ ကားပေါ်တက်ကာ ကျောင်းဆီသို့...
"ကလေးလေး ကျောင်းမှာဂရုစိုက်နော်..သူငယ်ချင်းအသစ်တွေလည်းမရှာနဲ့ နော် မင်းမြတ်နဲ့ဘဲပေါင်းကလေး"
"သိပါတယ်ဉီးရဲ့ ဉီးစကားတွေကို အလွတ်ရနေပြီ"
"ဉီးကလေးလေးကိုမျက်စိအောက်ကတောင် အပျောက်မခံနိုင်ဘူး.. ကျောင်းတောင် ကလေးတက်ချင်လို့လွှတ်တာ ဉီးသဘောသာဆို ဉီးဘေးနားမှာဘဲထားမှာ"
"တော်ဗျ ဉီးပိုကြီးကတော့ ဟွန့် သွားတောမယ်
တာတာ့"
""ပြွတ်... ကလေးလေးဂရုစိုက်.."ဟုဆိုကာ ကလေးရဲနှုတ်ခမ်းလေးကိုနမ်းလိုက်သည်။
အာဏာလည်း ကလေးငယ်ကျောင်းထဲ့ဝင်သွားမှ...
"ရဲနိုင်မြို့ပြင်က ဂိုဒေါင်ကိုမောင်း"
"ဟုတ်ကဲboss"
အာဏာသည် ဘိမ်းထုတ်လုပ်မှုကိုလုပ်ငန်းကိုသွားရောက်စစ်ဆေးရန်ဖြစ်သည်။
##################################
"ဟေ့လရောင် မင်းကလည်းနောက်ကျလိုက်တာ"မင်းမြတ်လည်းအခန်းထဲဝင်လာတဲ့လရောင်ကိုလှမ်းပြောလိုက်သည်။
"အဲ့လောက်လည်း မနောက်ကျပါဘူးကွာ မင်းကလည်း"
"အောိ ဒီနေ့ကျောင်းဆောက်လုပ်မှုကိုတာဝန်ယူထားတဲ့အလှုရှင်လာမှာတဲ့"
"အဲ့တာဘာလုပ်ရမှလဲ.. "လရောင်လည်မေးလိုက်ရော..
"ဘာမှတော့ မလုပ်ရပါဘူးကွာ ဒီအတိုင်းပြောတာပါ ထူးဆန်းလို့"
"ဟင် ထူးဆန်းတယ်?"လရောင်နားမလည်တာကြောင့်ပြန်မေးလိုက်တော့.
"အေးကွ..အဲ့အလှုရှင်က ဒီကျောင်းအတွက် လှူထားတဲ့အဆောက်အအုံးတွေကအများကြီးဘဲ ပြီးတော့ ဟောင်းနေတဲ့ အဆောက်အအုံးတွေလည်းပြန်ပြင်ပေးတယ်ကွ..သူဘာလို့အဲ့လိ့လုပ်တာလည်းပေါ့"
"မင်းကလည်း သူလည်းလှုချင်လို့နေမှာပေါ့ မင်းကိုကအများကြီးတွေးတာ"
"အေးပါကွာ..ထတော့ ဆရာကမလာဘူး ငါတို့ ကန်တင်းသွားကြမယ်"

နှလုံးသွေးကြောလေး (နှလုံးသွေးကြောလေး)CompleteWhere stories live. Discover now