Intro:

3.1K 261 52
                                    

Unicode

"ဝမ်ရိပေါ် !!!!!"

အော်သံတစ်ခုလုံးဟာ ကျွန်းတစ်ကျွန်းလုံးပျံ့နှံ့သွားလေသည်။

"အရှင် သက်သာရဲ့လား"

"ငါ့ပုံစံကသက်သာနေတဲ့ပုံ ပေါက်နေလို့လား...သမားတော်ပင့်နေတာကြာပီ ဘယ်ရောက်နေလို့ ပေါ်မလာသေးတာလဲ"

"ဟို သမားတော်က......"

"မြန်မြန်ပြောစမ်းပါ...ဒီမှာငါက အသက်ထွက်တော့မယ်"

"ဟုတ် ဟုတ် သခင်လေးက သမားတော်ကိုခြိမ်းခြောက်လိုက်တာ သမားတော်ပြန်ပြေးသွားပါပီ"

"ဘာ! သူကဘာထပ်မွှေလိုက်ပြန်တာလဲ"

"အရှင်က သမားတော်ကို သေဒဏ်ပေးမှာမလို့ အခေါ်လွှတ်လိုက်တာဆိုပီး ပြောလိုက်တာပါ"

"တောက်! ခုချက်ချင်း ဝမ်ရိပေါ်ကို သွားခေါ်လာခဲ့"

"ဟုတ် ဟုတ်ကဲ့အရှင်"

Yilingကျွန်းကြီးဟာဆိုရင် ဝမ်ရိပေါ်ဆိုတဲ့သခင်လေး မရောက်ခင်တုန်းက သာယာလှပပြီး တိတ်ဆိတ်အေးချမ်းတယ်ဆိုပီး ထင်ရှားခဲ့သည်။

ကျွန်းသခင်ဖြစ်တဲ့ရှောင်းကျန့်က ရွှေရောင်တောင်ပံမျိုးနွယ်စုရဲ့ မင်းသားလေးဖြစ်ကာ ယခင် ကောင်ကင်မင်းကြီးတစ်ပါးလည်းဖြစ်သည်။

လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်သောင်းခန့်က မိစ္ဆာမျိုးနွယ်စုတို့နှင့်စစ်တိုက်ရင်း နတ်ဘုရားများစွာ သေကြေပျက်စီးခဲ့သလို အတောင်ပံမျိုးနွယ်စုတစ်ခုလုံးလည်း မျိုးတုံးပျောက်ကွယ်ခဲ့ရသည်။

ထိုထဲမှာမှ ချစ်ရသူ ငွေရောင်တောင်ပံမျိုးနွယ်စုရဲ့မင်းသားလေးလည်း ပါသွားတဲ့အတွက် ရှောင်းအရှင် မိမိကိုယ်ကိုအပြစ်တင်ကာ အရူးတစ်ပိုင်းလုံးလုံးဖြစ်ခဲ့ရသည်။

နောက်ပိုင်းမှာတော့ ကောင်းကင်မင်းကြီးနေရာကို သင့်တော်တဲ့သူကို ပေးအပ်ကာ ဒီကျွန်းမှာပဲ အခြေချ နေထိုင်ဖြစ်တော့တယ်။

ဒါပေမဲ့ မကြာသေးခင်ကမှ ရောက်လာတဲ့ အမြီးကိုးချောင်းနှင့် အဖြူရောင်မြေခွေးမျိုးနွယ်စုရဲ့ အငယ်ဆုံးသားတော်ကြောင့် ကျွန်းတစ်ကျွန်းလုံး ဗြောင်းဆန်ကုန်တော့တယ်။

You've reached the end of published parts.

⏰ Last updated: Jun 16, 2023 ⏰

Add this story to your Library to get notified about new parts!

Love On Yiling Island 🦊Where stories live. Discover now