part 27

14.6K 1K 12
                                    

Uincode

ဒူးးးးးးး ဒူးးးးးးးး ဒူးးးးးးးး

အိပ်ယာဘေးကနေတုန်ခါနေတဲ့ဖုန်းကြောင့်လက်စမ်းရင်ကိုင်လိုက်သည်ပြီးတော့အိပ်ချင်မူတူးအသံဖြင့်သာ

" hello hello ဘယ်သူလဲ "

" ရန် "

ဟင် ဒါ ဒါကကျွန်တော်ရဲ့နှစ်ရောက်မရှိတဲ့ကြိုးရဲ့အသံလေးပင်ဖြစ်သည် အိပ်ချင်တဲ့စိတ်တွေကဘယ်နားရောက်သွားမှန်းမသိစွာ ချက်ချင်းထထိုင်၍ကြိုးလို့သာအကြိမ်ကြိမ်ခေါ်မိသည်

" မင်းဘယ်မှာလဲဟင် ကြိုး "

" ရန် ငါဘယ်လိုလုပ်ရမလဲဟင် ငါ- ငါ ဘယ်လိုလုပ်ရမှာလည်းကွာ "

" မင်းတစ်ခုခုဖြစ်နေတာလား ငါကိုမြန်မြန်ပြောမင်းဘယ်မှာလည်း "

" ငါအခုအိပ်မှာ "

" ဘာမှမလုပ်နဲ့ကိုယ်ရောက်တဲ့အချိန်ထိအမှာပဲစောင့်နေ "

ဖုန်းချပြီးတာနဲ့မျက်နှာအမြန်သစ်၍မမောင်းတာကြာပြီဖြစ်တဲ့ဆိုင်ကယ်ကိုပြန်ထုပ်လိုက်ပြီး အမြန်မောင်းလာခဲ့သည် ပြီးတော့မျက်လုံးထဲမှာမြင်နေရတဲ့နှင်ဆီပန်းကိုခူးလိုက်ပြီး ဂျာကင်အကျီရဲ့အတွင်းဘက်ထဲထည့်၍ဆိုင်ကယ်ကိုမိုင်ကုန်မောင်းလာခဲ့သည်

" ခနလေးပါစောင့်ပါကြိုးရယ် "

တစ်ဖြည်းဖြည်းနဲ့နေရာအတော်များကိုဖျက်၍ကြိုးရဲ့အိမ်ရှေ့ကိုရောက်တော့ အမြန်ရောက်ချင်နေတဲ့ခြေလှမ်းတွေလေးလံကုန်သည် ဘာလို့လဲဆိုတော့ခြံရှေ့မှာရပ်ထားတဲ့ကားက ရှိုင်းခက်ထန်ဆိုတဲ့သတောင်းစားရဲ့ကားဖြစ်နေတာကြောင့်ဖြစ်သည် အဟက်ဒါဆိုကိူကြားနေရတဲ့သတင်းကအမှန်ကြီးလားကွာ အားတင်း၍အိမ်ထဲကိုဝင်လိုက်တော့ဖိနပ်ချွတ်တဲ့နေရာကဖိနပ် ဧည့်ခန်းထဲကကြိုးထိုင်နေတဲ့ခုံနားကအဝတ်တွေဒါတွေကအသေချာဟိုကောင်ဟာတွေပေါ့

ထွက်လာတဲ့ဒေါသတွေကိုအပြစ်မရှိတဲ့ရင်ဘက်ထဲကနှင်းဆီပန်းလေးပေါ်ပုံချလိုက်ပြီး အနားကိုသွားလိုက်သည် စိတ်ထဲမှာတော့ကိုယ်နောက်ကျသွားခဲ့ပြန်ပြီးကြိုးရယ် မင်းရင်ထဲမှာသူရှိနေပြီးပြီးကို

lover Except you(Completed) Where stories live. Discover now