နောက်ကျနေပြီဖြစ်တာကြောင့် duty codeကို ပြေးရင်းလွှားရင်းအမြန်ဝတ်ကာ မိမိwardဆီပြေးရသည်။ဒီနေ့ ပါမောက္ခကိုယ်တိုင် roundမည်ဖြစ်တာကြောင့် နောက်ကျလို့ကမဖြစ်သည်မို့ အသည်းအသန်ပြေးမိသည်။
လက်မှာပတ်ထားသည့် သားရေအဟောင်းနွမ်းနွမ်းနာရီလေးကို တစ်ချက်ကြည့်ရင်း အိတ်ထဲက ပေါင်မုန့်တစ်လုံးကို အမြန်ဖောက်ကာ ပါးစပ်ထဲထိုးထည့်သည်။
အမှိုက်ကိုလုံး၍ နီးရာအမှိုက်ပုံးဆီ အပြင်းပြင်းနဲ့ လှမ်းပစ်လိုက်တော့ နေရောင်အောက်မှာ ဆရာဝန်လေးရဲ့ ဘယ်ဘက်လက် လက်သူကြွယ်က အသံနှုန်းလေးတွေသွားနေသလို အစင်းကြောင်းလေးတွေနဲ့ ပလက်တီနမ်မောင်းကွင်းလေးတစ်ကွင်းက လက်ခနဲ။
ㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡ
"ဟူး....စ်"
လေပူအလုံးကြီးကို ပစ်ထုတ်လိုက်တော့ ဘေးနားက ငကျော်ကမေးသည်။
"မင်းကနောက်မကျစဖူးကျလို့ပါလား..။"
ဆရာက နောက်ကျလို့ဆူလိုက်တာကြောင့် စိတ်ကသိပ်မကြည်ချင်ဖြစ်နေပေမယ့် မနက်ကရံခရွှေအိုးကောက်တွေ့သည်ဟုအိမ်မက်တာကြောင့် စိတ်ကဘာကောင်းတာပဲဖြစ်မလဲ..ထီများပေါက်မလား..ငွေပဲဝင်မလား ကြည်နူးသလိုလိုဖြစ်နေသေးသည်။
"အေးကွာ..အိမ်မက်တွေကောင်းနေတာနဲ့...။"
လက်သန်းကြွယ်က လက်စွပ်လေးကိုဟိုသည်လှည့်ရင်း ဆိုတော့ မီမီကဝင်ပြောလာသည်။
"အမောင်ရံခတို့များ လက်စွပ်လေးနေရာရွေ့တာတောင် တို့ကိုမလင်းဘူးဗျာ..။ဒီကသိချင်နေတဲ့ဟာ..။"
"ဒီမှာ..ခင်မီမီ..ခင်ဗျားမပြောနဲ့ ကျုပ်တို့တောင်ဒီကောင်ကြီးကောင်မလေး ဘယ်သူမှန်း အရိပ်ဖမ်းလို့မမိဘူး...။"
"ဒိုင်လျှိတဲ့ကောင်...ဘယ်အချိန်ကတည်းကရည်းစားထားမှန်းမသိဘူး..ကျောင်းရောက်လာကတည်းက လက်ခလယ်မှာလက်စွပ်ကြီးနဲ့...။"
"ဒီကောင် ကျုပ်တို့ကို ချင်း များကျွေးနေသလားပဲ ခင်မီမီ..။"
"တကယ်မရှိပဲ ရှိတယ်လုပ်လို့ကတော့ နင်တော့အသေပဲ ရံခ..။"
ခင်မီမီက လက်သီးဆုပ်၍ကြိမ်းတော့ ရံခ ရှက်ပြုံးလေးသာပြုံးပြလိုက်သည်။
![](https://img.wattpad.com/cover/234623154-288-k343022.jpg)
YOU ARE READING
Fresh [Complete]
Teen Fictionကိုယ့်အပေါ် မသိလိုက်မသိဖာသာ တစ်ပါးသူရဲ့ ဂရုစိုက်မှုသေးသေးလေးတွေကို သဘောတကျရှိနေခဲ့ပြီး တွယ်ငြိခဲ့တဲ့သံယောဇဉ်လေး။ နောင်တစ်ချိန်ပြန်တွေ့တဲ့အခါ ပိုလို့တင်းအောင်ဆွဲမိရင်းက ချစ်စရာလူသားလေးကို ပျော်စရာတွေပဲဖန်တီးပေးခဲ့တဲ့အထိ။ မပြောတတ်တော့ဘူး ဖတ်ကြည့်လိုက်ေ...