Unicode
"သားစစ်ရေ ဒီမှာ သားရဲ့ဖုန်း"
စစ်နိုင် အိမ်ရှေ့ပန်းခြံထဲက ပိတောက်ပင်ကြီးကို ရေလောင်းနေတုန်း မေမေ့ဆီကနေ အော်ခေါ်သံကြားလိုက်ရတာကြောင့် ကိုင်ထားတဲ့ရေပိုက်ကိုချပြီး အိမ်ထဲအမြန်ပြေးဝင်ရတယ်။
"ဟဲလို အမိန့်ရှိပါခင်မျာ"
"စစ်နိုင်လား ဆရာပါကွာ"
"ဟုတ်ကဲ့...ဆရာ"
"ကျောင်းကို အခုလာခဲ့ပေးလို့ရမလား ၊ ဆရာ မင်းနဲ့တိုင်ပင်စရာလေးရှိလို့"
"ဗျာ....ဟုတ်ကဲ့ ၊ ကျွန်တော် အခုပဲ လာခဲ့ပါ့မယ်"
စစ်နိုင်ဖုန်းချပြီးတဲ့အခါ ဘေးမှာအသင့်ရပ်နေတဲ့မေမေက စစ်နိုင်ကို ဘာအကြောင်းလဲဆိုတာ မေးဆတ်မေးလာတယ်။ ကျောင်းကဆရာဆိုတာကိုပြောပြီး ကျောင်းသွားရမယ်ဆိုတာပါ တစ်ခါတည်းခွင့်တောင်းလိုက်တယ်။
"သားရဲ့ပါးကိုလည်း ပြောသွားအုန်း"
ရိုးရိုးရှင်းရှင်း တီရှပ်ဝိုင်းနဲ့ဘောင်းဘီကိုဝတ်ပြီးတဲ့နောက် တံခါးမှာချိတ်ထားတဲ့လက်စွဲတော်ကျောပိုးအိတ်ကို ဖြုတ်ယူလို့ ပါးရှိနေတဲ့စာဖတ်ခန်းဆီ သွားရပြန်တယ်။
"ပါး ကျွန်တော်ကို ကျောင်းကခေါ်နေလို့ သွားလိုက်အုန်းမယ်နော်"
"အေး...ဂရုစိုက်သွားအုန်း"
"ဟုတ်ကဲ့ ပါး"
အိမ်ကနေ ကားမှတ်တိုင်ကိုလမ်းလျှောက်လို့ ဘတ်စ်ကားနဲ့ပဲ ရန်ကုန်တက္ကသိုလ်ကို သွားရတယ်။ တက္ကသိုလ်တွေ ပိတ်ထားတာမို့ ကျောင်းရဲ့အဓိပတိလမ်းကြီးက ရှင်းလင်းလို့။
"သင်္ကြန်တောင် ကျတော့မယ်"
ဧပြီလထဲဝင်လာပြီမို့ အခုဆို ပိတောက်ပင်မှာ ပိတောက်ဖူးလေးတွေ ရှိနေတတ်ပြီ။ ဒါပင်မဲ့ ဒီပိတောက်ဖူးတွေက သင်္ကြန်မိုးနဲ့ထိမှ ပန်းပွင့်လာကြမှာ။
အခေါက်ပေါက်မနည်းရောက်ဖူးနေတဲ့ မြန်မာစာဌာနကို ဦးတည်လျှောက်လို့ ပါမောက္ခခန်းထဲကို တစ်ခါတည်းတန်းဝင်လိုက်တယ်။
"စစ်နိုင် ရောက်လာတာမြန်သားပဲ"
"ဟုတ်ကဲ့ဆရာ"
YOU ARE READING
YELLOW ME