DARK(14)(Z+U)

23K 2.3K 178
                                    

Zawgyi

ဖယ်ခွာသွားသော Mark အောက်မှ ထွက်ပေါ်လာသာ မျက်နှာကြောင့် အားလုံးသည် အံ့သြတကြီးဖြစ်သွားကြ၏။ Cobra ဘေးတွင်ရပ်နေသော Black နှင့် Night တို့သည် မြင်တွေ့​နေရသော မြင်ကွင်းကြောင့် ဆွံ့အသွားကာBlack သည် နောက်ဖက်သို့အနည်းငယ်ယိုင်သွားလေသည်။ စင်အောက်မှ လူအများသည်ပင် အနည်းငယ် ရုတ်ရုတ်သဲသဲဖြစ်သွားပီးနောက်  ဘေးပတ်လည်တွင် DARK အား ချိန်ထားသော  သေနတ် သမားများသည်နောက်သို့အနည်းငယ်ဆုတ်သွားကြ​တော့သည်။

"Dark.."

မယုံနိုင်စွာ အံ့သြတကြီးဖြစ်​နေ​သော Cobraဆီမှ​ခေါ်သံ စတင်ထွက်​ပေါ်လာခဲ့သည်။ထို့​နောက် Black တို့ဖက်လှည့်ကာ

"Dark...Dark က Accident ကြောင့်မျက်လုံးကွယ်နေတာ... ပြန်မကောင်းသေးဘူးဆို.."

"......"

Cobra ၏ စကားကိုပင် ပြန်ဖြေရန် Black တွင် အဖြေမရှိခဲ့။

Dark က ပြန်မြင်နေတယ်။ ပြန်ကောင်းနေတယ် ဘယ်ချိန်ထဲကလဲ.. ဘယ်တုန်းကလည်း... ဒါဆို Dark က ကိစ္စမှန်သမျှသိ​နေခဲ့တာလား။ ..Black နှင့် Night တို့သည် Cobra ၏စကားကိုပင် မတုန့်ပြန်နိုင်လောက်အောင် အတွေးများစွာတို့သည်​ရှုပ်​ထွေး​နေခဲ့​သည်။

DARK သည် ရင်ခွင်ထဲ ရှိ Light အား ပုခုံးပေါ်သို့ပြောင်းတင်ကာ စင်ပေါ်မှ ဆင်းလာခဲ့သည်။ စင်ပေါ်ရှိ သေနတ်သမားများသည်ရှေ့မတိုးရဲသည့်အပြင် DARK အား မည်သူမှ မတားရဲကြပေ။

"Sir..."

စင်အောက်ဆင်းလာချိန်တွင်အသင့်စောင့်နေသော DARK ၏ သေနတ်သမားသည် ဘေးသို့ရောက်ရှိလာခဲ့သည်။

"ရပ်စမ်း DARK ။ ငါ့ပိုင်နက်ထဲက ငါ့ပစ္စည်းကိုမင်းဒီလိုယူသွားခွင့်မရှိဘူး "

Cobra ၏ တားမြစ်သံအားမထီမျက်မြင်ပြုကာ ဆက်လျှောက်လာပီးနောက် ခါးကြားမှ ပစ္စတို အားထုတ်ကာ အသံကြားရာသို့တစ်ချက်ပင်မလှည့်ကြည့်ပဲ ပစ်လိုက်သည်။ Cobra အခန်းတွင်ကာရံထားသော မှန်တံခါးမှ မှန်သည်အစိတ်စိတ်အမွှာမွှာကွဲထွက်သွား​​သည်။ Cobra နှင့်Black တို့သည်ပင် နောက်သို့အနည်းငယ်ဆုတ်သွား​​တော့သည်။ DARK သည်Light အားပုခုံးပေါ်တွင်တင်ထားလျှက်ပင် Hotel အပြင်ဘက်ရှိ ကားရပ်ထားသောနေရာသို့ဦးတည်လျှောက်လာရင်းမှ တံခါးဝတွင်ရပ်လိုက်သည်။ ထို့​ကြောင့်DARK နောက်တွင်လိုက်လာသော တစ်ယောက်သည် DARK ဘေးအားအမြန်လာရပ်​လေသည်။

DARKWhere stories live. Discover now