Ep-1

5K 379 14
                                    

Unicode

ခေါင်ရမ်းတစ်ပွင့် မှသည်...

19years later...
July 2, 2020
ခေတ်အဆက်ဆက် ပြောင်းလဲလာသည်နှင့်အမျှ မန္တလေးနေပြည်တော်ကြီးသည်လည်း ခေတ်ရေစီးကြောင်းအလိုက် အဆောက်အဦးပုံစံများ ပြောင်းလဲလာခဲ့ကြသည်။ ဘယ်အရာကမှ မတည်မြဲတဲ့ ကမ္ဘာပေါ်မှာ သဘာ၀တရားကြီးကပင် ပြောင်းလဲနိုင်သေးတာပဲ။

မပြောင်းမလဲဘဲ ရှိနေနိုင်သည်က လူတစ်ယောက်၏ စစ်မှန်သည့် မေတ္တာတရားမဟုတ်ပေဘူးလား။ ဘာတွေဘယ်လောက် ပြောင်းလဲသွားပါစေ စစ်မှန်သည့်နှလုံးသားပိုင်ရှင်ကတော့ စစ်မှန်သည့်မေတ္တာများနှင့် ကိုယ်တိုင်နွေးထွေးနေဦးမည်မှာ အမှန်ပင်။

မြို့လယ်ခေါင်မှာရှိတဲ့ Privateဆေးရုံတစ်ခု၏ အကျယ်အ၀န်းက သိပ်ကို ကျယ်‌ပြောလှသည်။ ဆေးရုံဖြစ်သော်ငှား လွန်စွာမှတိတ်ဆိတ်လွန်းလှသည်။ တိတ်ဆိတ်ဆို တစ်နေနှင့်တစ်နေရာ အတော်လေး ဝေးသကိုး။ အခုရပ်နေသည့် နေရာက ဆေးရုံရဲ့အပေါ်ဆုံးထပ်ပင်။

လက်ထဲက ကော်ဖီခွက်က အငွေ့တရိပ်ရိပ်နှင့်။ အပြင်ဘက်ကလေထုနှင့် အတွင်းထဲကလေထုကို မှန်တစ်ချပ်က ကာခြားပေးထားသည်။ မှန်သားပြင်တစ်ချပ်သာ ကာခြားထားသည့် ကောင်းကင်ကြီးနှင့် သူ။ တကယ်တမ်း တိတိကျကျပြောရရင် မှန်နှစ်ချပ်ခြားထားတာလို့‌ ပြောရမလား။ အ‌ဆောက်အဦးရဲ့ မှန်ရယ် သူအမြဲတမ်းမချွတ်တဲ့ သူ့ရဲ့မျက်လုံးတွေကို စောင့်ရှောက်ပေးနေတဲ့ မှန်ရယ်ပေါ့။

သူဘာကို ကြည့်နေရတာလဲလို့မေးရင် ပန်းခြံထဲမှာ ပြေးလွှားဆော့နေကြသည့် လူနာကလေးများ။ သတိရသွားသည့် တစ်ဦးတည်းသောသူက ဒီအချိန်မှာ ဘယ်တွေရောက်နေမလဲလေ။ နောက်ဘ၀မှာ လူ၀င်စားအဖြစ်ရှိနေလိမ့်မလား။ ဒါမှမဟုတ် လူမဟုတ်သည့်အခြား ဘ၀များမှာလား။ မနေ့နိုင်သေးတာတော့ ယခုအချိန်ထိပင်။

တော်ပြီ တော်ပြီ..
ဆက်၍မတွေးတော့ အဲ့အကြောင်းကိုသာ ဆက်တွေးလိုက်ရင် ဒီနေ့ဘာမှ ဆက်လုပ်လို့ရတော့မှာမဟုတ်ပေ။
အဲ့အကြောင်းနဲ့ဆို ဘာကြောင့် စိတ်အတက်အကျမြန်ရတာလဲဆိုတာ မစဉ်းစားတတ်ပါလေ။
ကိုယ့်စိတ်ကို ကိုယ်သာအသိဆုံးဖြစ်၍ အတွေးများကိုခဏတာ ရပ်တန့်ပစ်လိုက်သည်။

Meet Again...Where stories live. Discover now