Ep-6

1.7K 265 8
                                    

Unicode

ခေါင်ရမ်းတစ်ပွင့် မှသည်...

ကောင်လေးရဲ့ ကျေးဇူးနဲ့ ဆရာ၀န်ဘ၀ကနေ ဒူးရင်းသီးသယ်တဲ့ဘ၀ကို ချက်ချင်းကိုရောက်သွားတော့သည်။ ဆေးရုံထဲက ရင်းနှီးတဲ့ သူတွေက ဒူးရင်းသီးသယ်လာတဲ့ ကောင်းကို လှည့်ကြည့်လှည့်ကြည့်နဲ့။ မျက်နှာတောင် ဘယ်နားသွားထားရမှန်းမသိ။ ငါ့ဘ၀၊ လက်ကလည်း အဆူးတွေဆူးသေး။ မျက်နှာကလည်း ပူသေး။ ကြိုးလေးနဲ့ ချည်ပြီးဆွဲထားရပေမဲ့ ပြုတ်ကျသွားမှာစိုးလို့ လက်က ခဏခဏအ‌ဆူးတွေကို သွားသွားထိမိနေတယ်။ ဆေးထိုးအပ်ပဲကိုင်လာရတဲ့ လက်ဖဝါးနုနုက အဆူးတွေရဲ့ဒဏ်ကြောင့် နီရဲလို့။

"အား ဦး ပြန်လာပြီလား၊ မြန်မြန်ခွဲပေးပါဦးနော်"
အခန်းထဲ ဝင်ဝင်လာခြင်း ချိုင်းထောက်ကြီးနဲ့ အပြုံးမျက်နှာနဲ့ ကြိုဆိုနေတော့ ဒီလူက လက်နာ‌တာတွေအကုန်ပျောက်ရော။

"မှည့်သေးရဲ့လား အခုမှဝယ်လာတာလေ"
စားပွဲပေါ်တင်လိုက်ရင်း ပြောလိုက်တော့...

"မှည့်လောက်ပါပြီ ဒီလောက်အနံ့တွေ မွှေးနေတာကို"

"ဘယ်လိုခွဲရမှာလဲ သိလို့လား၊ ဦးကတစ်ခါမှမခွဲဖူးဘူးနော်"

"သိတယ် သိတယ် အရာလေးအတိုင်းခွဲရမှာ"
.
.
.
.
.
.

သူသိပါတယ်ဆိုတဲ့ ကောင်လေးက ဘေးကနေ ချိုင်းထောက်ကြီးနဲ့ ဘယ်နားလေးကို ဘယ်လိုလေးလှီးလိုက်လေ။ ဦးက ဒါလေးတောင်မလုပ်တတ်ဘူးလား။
ဆရာဝန်ဖြစ်ပြီး ဓားတောင်သေချာမကိုင်နိုင်ဘူးလား တဲ့။

'အော် သားသားရယ် ဒီကဦးက ခွဲစိတ်တဲ့ဓားပဲ ကိုင်ဖူးတာလေ၊ အသားလှီးတဲ့ဓားကို ကိုင်ဖူးပါ့မလား'
လို့ ပြောလိုက်ချင်ပေမဲ့ အစားငမ်းနေတဲ့ ကောင်လေးနဲ့ အတိုက်အခံလုပ်ရမှာစိုးတာကြောင့် ဘာမှပြန်မပြောတော့။

တမြို့မြို့နဲ့ စားနေတဲ့ ပါးစပ်လေးက အခုတော့
စကားတစ်ခွန်းမှထွက်မလာတော့။ ခွဲပေးတဲ့ သူကြီးကိုရှေ့ထားပြီး စားပြနေတာ။ ဦး စားပါဦးလားတောင် တစ်ခွန်းမပြော။ မျက်လုံးလေး‌နဲ့တောင် လှန်မကြည့်တာ။ စားပါဦးလား ပြောဖို့ဆို ဝေလာဝေးပဲ။

Meet Again...Where stories live. Discover now