Deception

35 1 0
                                    


U.S.A ရဲ့မြို့တော်ဖြစ်တဲ့
(Washington, D.C.) [ ဝါရှင်တန်ဒီစီ ]
လှပပြီးညဘက်ဆိုအရောင်အသွေးစုံလင်လှသည်။ ရိပေါ်ကinternational ကအထင်ကရနေရာတွေကို ကိုလေ့လာ တဲ့သူ။ပြောရမယ်ဆိုရင်နိုင်ငံတကာကိုလှည့်
လည်ပြီးအဲ့နိုင်ငံရဲ့အထင်ကရနေရာတွေကို comment ပေးရတာ။

တိတိကျကျပြောရရင် ရိပေါ် ကအောင်မြင်တဲ့
ဝေဖန်သူတစ်ယောက်။ China မှာတင်မဟုတ်
ပဲ international အထိထိုးဖောက်နိုင်တဲ့
အောင်မြင်တဲ့ဝေဖန်ရေးသမား။

ရိပေါ်ဆီကတစ်နေရာကို Good Comment ပေးလိုက်တာနဲ့ အဲ့နေရာကိုလူတိုင်းကသွားကြ
ပြီ။ဒါ ရိပေါ်ရဲ့အောင်မြင်မှုပဲ။ရိပေါ် ကအောင်မြင်တဲ့
ဝေဖန်ရေးသမားတစ်ယောက် ပေမဲ့
ရိပေါ်ကိုလည်း လူတွေအများကြီးကကဲ့ရဲ့ကြတယ်။

ရိပေါ် ကရုပ်ချောပေမဲ့ အရမ်းရိုင်းတယ်တဲ့။
ရိပေါ်ကဟန်မဆောင်တတ်ဘူး
ရှင်းရှင်းလင်းလင်း
ပြောတက်တယ်။အဲ့အကြောင်းကပဲသူတို့ကို
ရိပေါ် ကရိုင်းတယ်ဆိုပြီးထင်စေတယ်။

ရိပေါ် ကတော့ဂရုမစိုက်ပါဘူး။မကောင်းတာကို
ကောင်းတယ်ဆိုပြီး ကိုယ့် website  မှာမတင်ချင်ဘူး။ကောင်းတယ်လို့တင်ပြီးမှ ရိပေါ် ကိုယုံတဲ့လူတွေကသွားလို့ မကောင်းရင်
ရိပေါ် ကိုပဲနာမည်ဖျက်မှာ။အဲ့တော့ကိုယ့်ကိစ္စမ
ဟုတ်ပဲနဲ့စောက်လုပ်ရှုပ်ခံပြီနာမည်အဖျက်မခံ
နိုင်ဘူး။

ရိပေါ်ကအဲ့လိုမျိုးခပ်ခပ်ရှင်းရှင်းနေတက်တာ။အဲ့ဒါနဲ့ပဲ ရိပေါ်က အချေကောင်
၊အရိုင်းအစိုင်းကောင် ၊ယဉ်ကျေးမှုမရှိတဲ့အကောင်
နာမည်တွေရတာစုံနေတာပဲ။

အဲ့တာတောင်မှလာဘူးချင်တဲ့ ကောင်မလေး တွေကရှိသေးတယ်။ ရိပေါ် ကတော့လုံးဝစိတ်မ
ဝင်စားဘူး။

ရိပေါ်ကအခု U.S.A မြို့တော်ဖြစ်တဲ့
Washington'D.C. (ဝါရှင်တန်ဒီစီ) ကိုရောက်နေတာ။ Washington'D.C. (ဝါရှင်တန်ဒီစီ) မှာရှိတယ့် အထင်ကရ University တစ်ခုဖြစ်တဲ့
Georgetown University ရဲ့ပညာရေး၊ ဆရာတွေရဲ့သင်ကြားပုံတွေ ၊ကျောင်းသားတွေရဲ့နာခံပုံတွေကို လေ့လာဖို့
အတွက်ရောက်နေတာ ။

Georgetown University က Tony Georgetown ရပ်ကွက်အတွင်းမှာရှိတာဖြစ်
ပြီး Potomac မြစ်ကိုမြင်နိုင်တဲ့ ကျာင်းအတွင်းလမ်း
ရှိပြီး ကျောင်းအဓိကအဝင်ဝလမ်း ရှိကျောက်တုံးများ နှင့် အဆောက်အအုံများက
အရမ်းကိုအနုပညာလက်ရာမြောက်လွန်းသည်။
ကျောင်းကိုတစ်ခေါက်ပဲရောက်ဖူး ပြီးနေရာစုံအောင် မရောက်သေးပင် မယ့်တော်တော်လက်ရာမြောက်ပြီး မြင်သူတိုင်းကို ရင်အေးစေသည်။
ပညာရေးဘယ်လိုရှိမလဲမသိပေမဲ့ကျောင်းကတော်တော်ကောင်းမွန်းလှပသည်။

ရိပေါ် ကဒီကျောင်းမှာ တစ်လနေပြီးလေ့လာရမှာ။ကျောင်းက နောက်အပတ်မှဖွင့်မှာ
ဆိုတော့ရိပေါ်လည်ဖို့တစ်ပတ်အချိန်ရတယ်။
ညနေလောက်ကျရင် Bar သွားဖို့စဉ်းစားထားတယ်။

ရိပေါ်ကို 36th St NW လမ်းမှာနေဖို့တိုက်ခန်း
တစ်ခန်းကိုစီစဉ်ပေးထားတယ်။ကျောင်းနဲ့လည်းနီးသလိုလမ်းထဲမှာစားသောက်လည်းရှိတယ်။အဆင်ပြေတယ့်နေရာတစ်ခုပဲ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~
DC9 night club ရဲ့ပြင်ဆင်မှုတွေကရှင်းရှင်းလင်းတွေပဲ။ အမြင်ရိုင်းစေတဲ့မိန်းမတွေမရှိသလို
အမြင်မသင့်တော်စေတဲ့အတွဲတွေလည်းမတွေ့ရဘူး။

ရိပေါ် ဘီယာတစ်ခွက်ကိုသာမှာလိုက်ပြီးဝိုင်း
တစ်ဝိုင်းမှာအေးဆေးထိုင်နေလိုက်တယ်။
ရိပေါ်နာရီတစ်ချက်ကြည့်လိုကတော့ ရှစ်နာရီခွဲ
အတိ။

ရိပေါ်ဘီယာတစ်ငုံသောက်လိုက်တယ်။
အဲ့အချိန်မှာ ရိပေါ်ရဲ့မျက်လုံးထဲကိုဝင်လာတဲ့
ကောင်လေးတစ်ယောက်။ ကောင်လေးတစ်ယောက်ဆိုတာထက် အသက်လတ်ပိုင်း အမျိုးသားတစ်ယောက်ဆိုရင်ပိုမှန်မယ်။

အာရှသားမှန်းသိသာစေတဲ့ထိုလူက ရှပ်အဖြူလက်ရှည် နဲ့ဂျင်းဘောင်းဘီအဖြူကို
တွဲဝတ်ထားတယ်။ ရိပေါ်ခုံရဲ့မျက်စောင်းထိုးမှာ
ထိုင်နေပြီး cola ထိုင်သောက်နေတာက နည်းနည်းတော့ရယ်စရာကောင်းနေတယ်။

club ထဲလာပြီး cola သောက်နေတာလောက်
ရီစရာကောင်းမှာမဟုတ်ဘူး။ တခြားလူတစ်ခါမှ
တစ်မိနစ်ပြည့်အောင်တောင်မကြည့်ဘူးတဲ့
ရိပေါ်ကသူ့ကိုတော့ အကြာကြီးစိုက်ကြည့်နေမိ
တယ်။

တခြားတစ်ယောက်အကြောင်းက
ိုမစဉ်းစားတက်တဲ့ ရိပေါ်ကသူ့အကြောင်းကို
အများကြီးစဉ်းစားနေမိတယ်။

မှတ်မှတ်ရရအဲ့အချိန်က ရှစ်နာရီခွဲပြီးလေးမိနစ်

9.9.2020
Vin

~~~~~~~~~~~~~~~~~

Deception Where stories live. Discover now