Date-12/Feb/2020..
>>>>>>>>>>>>>>1:32AM<<<<<<<<<<<<
သည်းကြီးမဲကြီးရွာထားသည့်မိုးသည်
သူမဟုတ်သလို တိတ်သွားပြီး.....မုန်တိုင်းမကျခင်လေငြိမ်နေသကဲ့သို့...
ကျယ်ပြောလှသောကောင်းကင်ကြီးမှ ကျဆင်းလာသော မိုးစက်ငယ်လေးများ၏ တဖြောက်ဖြောက်ကျနေသံ မှ အပ တိတ်ဆိတ်ခြင်း အတိ...
သူဌေးသူကြွယ်များနေသော တိုက်တာ ဝန်းခြံများနဲ့ ပြည့်ညပ်နေသည့် ရပ်ကွက်ဖြစ်သောကြောင့်လားတော့မသိ...
တိတ်ဆိတ်မှုက ကြီးစိုးသထက်ကြီးစိုးနေလေ၏......တချက်တချက်တိုက်ခတ်လာသော လေကလဲ
ကျောထဲထိစိမ့်အောင် အေးသည်အထိ ဖန်လေပြန်ပေသည်~~~"ကျစ်...အပြင်ထွက်လာတာကို လက်ရှည်ဝတ်လာဖို့မေ့သွားတယ်...''
ပြာတိပြာရာအမြဲ ဖြစ်တတ်သောကိုယ့်ကိုယ်ကိုသာ အပြစ်တင်မိလေ၏....
"တူ...တူ...တူ...''
"ဟာ ချီးထဲမှ ဘာလို့ဖုန်းချပြစ်ရတာလဲ....''မိုးရွာခဲ့ခြင်းမှာများမကြာသေးသောအခါ
ဖြစ်သောကြောင့် လမ်းဘေးကဗွက်အိုင်များပင်ဖြစ်နေလေသည်...
ရေအိုင်ငယ်များကိုကျော်မိသည်ကနဲနဲ နင်းမိသည်ကများများပင်ဖြစ်သောကြောင့်ဝတ်ထားသည့်
အကြိုက်နှစ်သက်ဆုံး..ပွယောင်းယောင်းGucciအစစ်ဖြစ်တဲ့ဘောင်းဘီရှည်ပင်ဗွက်များကလာစင်နေပြီး ညစ်ပတ်ကုန်လေသည်..."ဟာ..ပေကုန်ပြီ နှမြောလိုက်တာ... ''
သို့်သော် ထိုကလေးဟူသော ကိုကိုဆီကိုရောက်ဖို့ရန်သာအလောကြီးနေတော့လဲ
မည်သည်ကိုမှ အရေးကြီးခွင်ကျယ်လုပ်နေရန်မသင့်တော်တော့ပေ....ရှိုက်ကြီးတငင်ငိုပြီး
"ယောင်းငယ် ကို့ဆီအမြန်လာခဲ့ပေးပါ...''ဟူသောစကားသံသည် နားထဲမှမထွက် ပူပင်မှုက ငယ်ထိပ်အထိ တပ်ဆောင့်နေပြီမို့ထင်ပါတယ်...
ဖုန်းချချခြင်း အိမ်က ကားတောင်ထုတ်ဖို့မေ့ပြီး
အလောတကြီးပြေးလာခဲ့မိခြင်းပင်...နှစ်လမ်းအကျော်မှာနေသောကြောင့် ပြေးလာဖို့ကအတန်ငယ်ဝေးသေးသော်လဲ သစ္စာဖောက်ခြေထောက်တို့က ပြေးထွက်လာခဲ့သည်ကို အသိစိတ်မှ မတားလိုက်နိုင်...
YOU ARE READING
May Be
FanfictionI hope you will like this story💜 If Love is hurt to you... Please let it go.....♥ If love is true It will return to you💕 "Ammali Min''