Make You Mine

1K 60 6
                                    

* ဒီFicလေးက TaeKook(Top Tae)ပါ။
KookVသည်းသန့် ဖတ်ချင်ပါတယ်ဆိုတဲ့သူတွေအတွက် အချိန်မကုန်အောင် ဒီကနေတစ်ခါတည်း roleခွဲပေးလိုက်ပါတယ်။
စိတ်အနှောက်အယှက် ဖြစ်စေမယ့်အခန်းအနည်းငယ်ပါဝင်ကောင်း ပါဝင်နိုင်တာမို့ ကြိုပြီးတောင်းပန်ပါတယ် *





Make you Mine✨

Kim Groupလက်အောက်မှာ ရှိတဲ့ clubတစ်ခုက ပုံမှန်ထက်ပိုပြီး ကြီးကျယ်ခမ်းနားနေတာအမှန်။
ပုံမှန်လူတန်းစားတစ်ချို့ အနားပင်မကပ်နိုင်လောက်အောင် Kim Groupရဲ့ အရှိန်အဝါက ကမ္ဘာ့အဆင့်#7

ထောင့်ကျတဲ့ စားပွဲဝိုင်းရှိ ကောင်လေးနှစ်ယောက်က Dancing floorရှိ လူတွေကိုဂရုမစိုက်အားပဲ နှစ်ယောက်တည်း ပြော၍မကုန်နိုင်သော စကားထုကြီးကိုသာ အာရုံစိုက်နေကြလေသည်။

"ဘယ်လိုလဲ ဩစီသားကြီး ကိုရီးယားစကားကိုရော ကောင်းကောင်းပြောတတ်သေးရဲ့လား"

"Jin hyungရာ ကျွန်တော် ကျောင်းပိတ်ရက်တိုင်း ဒီကိုပြန်လာနေကျပဲကို မပြောတတ်စရာလား"

"ဒီနောက်ပိုင်း ၅နှစ်လုံးပြန်မလာတော့ မေ့နေပြီထင်တာ ဟားဟား"

"စာတွေ ပိနေလို့"

"ဆိုတော့ Kim Groupကြီးကို ဦးစီးနိုင်နေပြီပေါ့ ဟုတ်လား CEO Kimခမျ"

"မခံယူဝင့်သေးပါဘူး Jin hyungဆီမှာလေ့လာစရာတွေအများကြီး ရှိပါသေးတယ်"

Jin hyungနဲ့သူ စကားဆုံးသည်နှင့် နှစ်ယောက်သား အတူတူရယ်မိကြသည်။ သူဆိုတာက Kim Tae Hyung။ အသက်၆နှစ်အရွယ်ကတည်းက ဩစတေးလျကို Daddyရဲ့အမိန့်အရ ပို့ထားခြင်းခံရထားသည်။

အကြောင်းက နောင်တစ်ချိန် လက်လွှဲယူရမယ့် Kim Groupကို အမှားအယွင်းမရှိ အုပ်ချုပ်ဖို့ လိုအပ်တဲ့ ပညာရပ်တွေအတွက် ဩစီမှာက ပိုပြီးကောင်းမွန်အောင် သင်ကြားပေးနိုင်သည်မို့။

သူငယ်ချင်းဟူ၍ တစ်ယောက်မှမရှိသော သူ့အဖို့ ကျောင်းပိတ်ရက်တိုင်း ကစားဖော် အကိုဝမ်းကွဲ Jin hyungသည်သာ တွယ်တာစရာအကောင်းဆုံးသူပင်။

Jin Hyungမတိုင်ခင်တော့ သူ့မှာတွယ်စရာ မေမေရယ်၊ ၅နှစ်ကြီးသော အနှောက်ယှက် ကိုကိုအသေးလေး တစ်ယောက်ရယ်တော့ ရှိဖူးခဲ့တာပဲ။ မေမေကတော့ ဆုံးပါးသွားပြီ။ ကိုကိုအသေးလေးကတော့ ဘယ်ဆီရောက်နေမှန်း သူမသိပါလေ။

You've reached the end of published parts.

⏰ Last updated: Sep 12, 2020 ⏰

Add this story to your Library to get notified about new parts!

Make You MineWhere stories live. Discover now