သူအသက်၁၈နှစ်ပြည့်တဲ့အချိန်မှာလက်ထပ်ခဲ့ရတယ်။
စစ်သူကြီးမိသားစုကကောင်လေးက ချမ်းသာတဲ့မိသားစုက ကောင်မလေးနဲ့လက်ထပ်ခဲ့တယ်။ သူတို့ကလိုက်ဖက်တဲ့စုံတွဲလေးလို့စဉ်းစားနိုင်တယ်။ လက်ထပ်မင်္ဂလာပွဲကို အိမ်ထောင်စုနှစ်ခုက မိဘများကဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်။ မိဘတွေက သဘောတူကြတဲ့အခါမှာ သားသမီးတွေရဲ့ကဏ္ဍက လိုက်နာပေးဖို့ပဲဖြစ်သည်။ မင်္ဂလာပွဲနေ့ဖြစ်တာကြောင့် ကြီးမားတဲ့မီးအိမ်တွေကိုချိတ်ဆွဲထားပြီး ပန်းတွေကိုလဲစုဆောင်းထားတယ်။ မီးရှူးမီးပန်းတွေထွက်လာပြီး စပျစ်ဝိုင်ရဲ့အရသာကလေးလံလာတယ်။ ဝေါယာဉ်ကခြံဝန်းထဲကိုရောက်လာတဲ့အခါမှာ သတိုးသမီးကတံခါးဝကိုဖြတ်ပြီး မင်္ဂလာပွဲဆိုင်ရာအရိုအသေပေးခြင်းအခန်းအနားကိုကျင်းပခဲ့ကြတယ်။
ဆောင်းရာသီမှာနှင်းများကျဆင်းသလို လူတစ်ယောက်သင့်လျှော်တဲ့အရွယ်ရောက်လာတဲ့အချိန်မျာ ဇနီးတစ်ယောက်ကိုလက်ထပ်ရမှာဖြစ်သည်။ အဆုံးသတ်မှာတော့သူတို့ကြိုက်လား မကြိုက်လားတောင်ပြောခွင့်မ
ရှိကြဘူး။ တစ်စုံတစ်ယောက်က ထပ်လက်မထပ်ချင်ဘူးဆိုရင်တောင် ရှောင်လွဲလို့ရမှာမဟုတ်ဘူး။ ငယ်ရွယ်ခဲ့တဲ့အချိန်တုန်းကတော့ သူလက်ထပ်ရမဲ့ဇနီးလောင်းက မည်သို့အသွင်အပြင်၊ မည်သို့ကိုယ်ရည်ကိုယ်သွေးရှိမည်ကိုသူသိလိုခဲ့သည်။ သိုသော်အတွေးတွေက ရေမျက်နှာပြင်ကိုရိုက်ခတ်သွာတဲ့လှိုင်းလုံးလေးလိုခဏအတွင်းပျောက်ကွယ်သွားရတယ်။သူလက်များကိုခါလိုက်သည်။ ဘာတွေပဲဖြစ်လာပါစေ သူ့ဇနီးက နာခံမှုသုံးခုနဲ့ သီလလေးခုကိုစောင့်ထိမ်းထားသ၍ တရားဝင်ဇနီးနေရာတွင် ထာဝရသူမပဲဖြစ်နေလိမ့်မည်။
သူတို့လက်ထပ်တဲ့အချိန်မှာ မီးရှူး မီးပန်းတွေကကောင်းကင်ပေါ်မှာပေါက်ကွဲသွားသည်။ မင်္ဂလာဝေါယာဉ် တံခါးပွင့်သွားပြီး သူတိုးသမီးကတံခါးဝကိုဖြတ်ကျော်ပြီး ကောင်းကင်နဲ့မြေကြီးကိုဦးချကာ စပျစ်ဝိုင်ကိုသောက်ခဲ့ကြတယ်။ မင်္ဂလာဝတ်စုံကိုဝတ်ထားတဲ့သူမပုံကို သူမမှတ်မိတော့ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့အခန်းထဲဝင်တဲ့အချိန်မှာသူမူးနေခဲ့ပြီ အနီရောင်ပဝါစကိုသူ မတင်လိုက်စဉ် ရိပ်ခနဲမြင်လိုက်တဲ့ မှုန်ဝါးဝါးအလှလေး။ ဖယောင်းတိုင်မီးရောင်ကမူးဝေစေပြီး အနီရောင်ဝတ်စုံကဝေဝါးစေတယ်ပြီးတော့သူ...........။
YOU ARE READING
ဆေးနီခြယ်နုတ်ခမ်းလေး
Historical Fictionသူတို့လက်ထပ်ခဲ့ကြတုန်းက သူမနုတ်ခမ်းတွေကို ဆေးနီရောင်ခြယ်ပေးမယ်လို့ သူကတိပေးခဲ့တယ်။ အဲ့ဒီနှစ်မှာပဲ ပန်းတွေဟာ ဖြည်းညင်းစွာပွင့်လန်းလာခဲ့ကြတယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ပန်းတွေလဲညိုးနွမ်း သွားရသလို ကတိစကားတွေဟာလဲပျက်ပြယ်သွားတာပဲ။ သူတို့လကျထပျခဲ့ကွတ...