Zawgyi

"မင်းရဲ့မိဘတွေကြောင့် ငါ့သားလေးသေရတာ အဲ့အတွက်ငါမကျေနပ်ဘူး မင်းမိဘတွေမရှိတော့တဲ့အတွက်ကြောင့် မင်းကိုပဲ ငါကျိန်စာတိုက်တော့မယ်....

မင်းဒီနေ့ကစပီးwerewolfဘဝမှတစ်ဖြစ်လဲသွေးသောက်သုံးရတဲ့ သန္ဒေပြောင်းမိစ္စာဖြစ်စေ.....ပြီးတော့မင်းချစ်တဲ့သူနဲ့လည်းဝေးကွာစေ.....ဟား မင်းသေသွားရင်တောင်မင်းကို
မင်းကိုလူတွေက မရှိခဲ့တဲ့လူတစ်ယောက်လိုမေ့သွားလိမ့်မယ် မင်းကိုလူတွေမေ့သွားရင် မင်းဟာဒီကမ္ဘာကိုပြန်လာလို့မရတော့ဘူး မင်းထာဝရပျောက်ကွယ်သွားမှာ....ဟားဟားဟား"

"မင်းကိုအချစ်စစ်နဲ့ချစ်သူကပဲ မင်းကိုကျိန်စာကို ဖျတ်ပေးနိုင်မှာ"

အေးချမ်းလှတဲ့မနက်ခင်းလေးမှာကောင်လးတစ်ယောက်ကတော့ ချွေးများနဲ့ အိပ်မက်ဆိုးမှနိုးထလာသည်

ကြာခဲ့ပီဖြစ်တဲ့အတိတ်ကအရာများက သူကိုခြောက်လှန့်ဆဲ
ဟုတ်ပါတယ် ကင်ထယ်ယောင်းဆိုတဲ့ကျွန်တော်က လူတွေကြားထဲရောထွေးနေထိုင်ပီး လူတွေမသိအောင် လူ့သွေးကို တစ်နေ့တစ်ခါသောက်နေရတာပေါ့...........

'1953' korea warပြီးခါစ တစ်နိုင်ငံလုံးစစ်အပြီး စားနှပ်ရိက္ခာမလုံလောက်မှု ပြသာနာများနှင့် ကြုံတွေ့ရင်ဆိုင်နေကြရသည်

ထို့နည်းတူစွာ koreaနိုင်ငံ၏ မြို့နယ်လေးတစ်မြို့မှာလည်း စားနပ်ရိက္ခာ ပြသာနာကို မြို့သူမြို့သားများ အချင်းချင်း ရိုင်းပင်ကူညီကာ ဖြေရှင်းနေကြသည်

ထိုမြို့သားများထဲမှ မျက်မမြင်ကောင်လေး တစ်ယောက် ကထိပ်ဆုံးကပင်ကူညီတက်သည်

သူကိုတော့ မြို့ထဲမှလူများက နတ်သားလေး လို့ခေါ်ဆိုကြတာပေါ့
သူက မျက်မမြင်မိဘမဲ့ ဖြစ်ပေမဲ့ ကိုယ်အားကိုကိုးပြီးနေထိုင်တက်သည် သူတပါးကိုလည်း ကူညီတက်သည်

ငယ်စဉ်ကတည်း မိဘမဲ့ဂေဟာမှာ ကြီးပြင်ခဲ့သူဖြစ်ပီး မိဘမဲ့ဂေဟာရဲ့ အားအကိုးရဆုံးကောင်းလေးတစ်ယောက်ပင်။ မိဘမဲ့ဖြစ်လို့ မျိုးရိုးနာမည်ရယ်လို့တော့မရှိဘူးပေါ့။ ဂေဟာမှူးဖြစ်တဲ့ သီလရှင်ကြီးကကတော့ သူကို ဂျီမင်းလို့နာမည်ပေးထားတယ်

Build Me Up Buttercup🌼Where stories live. Discover now