Unicode
"မင်းကိုမလိုချင်တော့မှန်း သိသာနေတာတောင် ဘာလို့ဒီလောက်ထိ တွယ်ကပ်နေတာလဲ? ဘာလဲ သူကိုယ်တိုင်က မင်းကို ငါမင်းကိုမလိုတော့ဘူး ငါနဲ့ လာမပတ်သက်နဲ့လို့ပြောမှ ဖယ်သွားမှာလား? မင်း ဒီလောက်တောင် ရူးရလား ဟင်?""ဒါပေမယ့် ငါ့ကို ကိုလင်းက မပတ်သက်နဲ့လို့မှမပြောပဲ "
"မင်းက နာအောင် တည့်ပြောစေချင်တာလား? ဇွဲညီညီ မင်းငါနဲ့မပတ်သက်နဲ့လို့ပြောစေချင်တာလား? အသိစိတ်ဝင်ပါတော့ ညီရာ မင်းလည်း ဒီလောက်ဆိုသိသင့်နေပြီလေ"
"သူက ဒီအခြေအနေကိုပိုသဘောကျတယ်တဲ့ အာကာရာ သူက ဒီအခြေအနေလေးကို သဘောကျတာကြောင့် ဒီအခြေအနေတိုင်းပဲဆက်နေချင်ပါတဲ့"
"ဘာ? ဒီအခြေအနေ? မင်းနဲ့သူနဲ့က ဘာမှမဆိုင်တော့ဘူးလေ အခု မင်းတို့နှစ်ယောက်က သူစိမ်းပဲ ဘာမှမဟုတ်တော့ဘူး "
"ငါ ဒီနေ့ လက်စွပ်သွားပေးမလို့"
"ငါလိုက်ခဲ့မယ် အဲ့တာဆိုရင် မဟုတ်လည်း ငါဒီနေ့ အားနေတာပဲ"
"ငါ တစ်ယောက်တည်းသွားချင်တယ် ဘယ်သူနဲ့မှမသွားချင်ဘူး ဘယ်သူ့ကိုမှလည်းမခေါ်ချင်ဘူး"
"အဲ့တာဆိုရင် ပြန်ရောက်ရင် ငါ့စီဖုန်းဆက် ဟုတ်ပြီလား?"
"အင်းပါ ခဏပဲကြာမှာပါ"
..........................
"ကိုလင်း ကျွန်တော်ရောက်ပြီ လက်စွပ်လာပေးတာ"လက်စွပ်ကိုလှမ်းပေးလိုက်တော့ ကောင်းနေလင်းလက်မှာ ခုထိဝတ်ထားတဲ့ လက်စွပ်လေးကိုဖြတ်ခနဲတွေ့လိုက်တယ်။
"ကိုလင်း ဘာလို့လက်စွပ်ကိုဝတ်ထားသေးတာလဲ?"
"ဘာလို့လဲ? ကိုယ် ဝတ်လို့မရဘူးလား?"
"မဟုတ်ပါဘူး အခု ကျွန်တော်တို့က ဘာမှမဆိုင်တော့ဘူးလေ အင်းလေ ဒါပေမယ့် အခု လက်စွပ်နှစ်ခုလုံးက ကိုလင်းစီမှာဆိုတော့ အစ်ကို့စိတ်ကြိုက်ပဲပေါ့"
"အစ်ကို?"
ရုတ်တရက်ပြောင်းသွားတဲ့ နာမ်စားကြောင့် ကောင်းနေလင်းတစ်ယောက် အံ့ဩသွားတယ်။ ကောင်လေးက သူ့ကို မေ့ပစ်ဖို့ တကယ်ကိုဆုံးဖြတ်နေတာပဲ။
YOU ARE READING
တစ်ဦးတည်းသော (season_2) ZawGyi+Uni
Fanfictionကိုယ် မင်းကိုလက်မလွှတ်ချင်ပါဘူး ဒါပေမယ့် ဒီလိုအခြေအနေလေးအတိုင်းပဲ နေလို့မရဘူးလား? #𝐾𝑎𝑢𝑛𝑔 𝑁𝑎𝑦 𝐿𝑖𝑛𝑛 ကျွန်တော့်မှာတကယ် ဒုတိယအကြိမ်မရှိတော့ဘူးလား? ...