Forever …………
မနက်ခင်း ရဲ့ နေခြည်နွေးနွေးမှာ Mingyu အိပ်ရာကနိုးလာတော့ ဘေးကိုကြည့်လိုက်မိတယ်။ သူပြုံးလိုက်မိတယ် ။ ဟော့ဒီကမ္ဘာမှာ နှစ်ယောက်မရှိနိုင်တဲ့ သိပ်ချစ်ရတဲ့ လူသားလေး Wonwoo ……
သူအိပ်ရာမထသေးပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတဲ့ Wonwoo ကိုငေးမောကြည့်နေမိတယ်။
မှိတ်ထားတဲ့ မျက်လုံးလေး ကတစ်မျိုးချစ်ဖို့ကောင်းတယ်။ နှာတံလေးကလဲ ချစ်ဖို့ကောင်းနေပြန်ရော။ ဒီနှုတ်ခမ်းပါးလေးက ကျွန်တော့်ကို အမြဲ ပြုစားနေတာ အရမ်းချစ်တယ် Wonwoo hyung ရယ်။"အွန်းးးးး Mingyu နိုးနေပြီလား "
"အင်း Hyung ဆက်အိပ်ဦး အိပ်ရေးမဝဖြစ်နေမယ် "
"ဟင့်အင်း မအိပ်ချင်တော့ဘူး ရှားရှားပါးပါး အတူတူရှိရတဲ့ ရုံးပိတ်ရက်ကလေးကို မအိပ်ပြစ်ချင်ပါဘူး "
"ဟားဟား ဟုတ်ပါပြီဗျာ ဒါဆို ထ မျက်နှာသွားသစ်မယ် "
အတူတူမျက်နှာသစ်ဖို့ ရေချိုးခန်းထဲဝင်လာပြီး ဆင်တူသွားတိုက်တံလေးကိုယ်စီနဲ့ တစ်ယောက်ကိုတစ်ယောက်စနောက်နေရင်း မျက်နှာသစ်လိုက်ရေတွေပက်လိုက် မနက်ခင်းလေးက ပျော်ဖို့ကောင်းတယ်။
ပုံမှန်ဆို Company စောစောသွားတဲ့ ကျွန်တော်က အချိန်မပေးနိုင်လို့ မနက်ဆို အမြဲဒီလို မနေရဘူး။
ကျွန်တော်တို့က တရားဝင်လက်ထပ်ထားတတာပါ ။ နှစ်ဖက်မိဘတွေကို နားလည်မှုရအောင် ကြိုးစားပြီး တည်ဆောက်ထားရတဲ့ လက်ထပ်မှုလေး ။ လက်ထပ်ပြီးတော့ကျွန်တော်ကဖေ့ဖေ့ Company မှာ အလုပ်ဝင်တယ်။ Wonwoo ကတော့ သူနှစ်သက်တဲ့ စာရေးတဲ့ အလုပ်ကို လုပ်တာမလို့ အပြင်သိပ်မထွက်ရဘူး။
ဖေဖေအနားယူပြီး ကျွန်တော် MD ဖြစ်လာတော့ အလုပ်တွေ ပိုများလာတာမလို့ ရုံးပိတ်ရက်တွေမှသာ ဒီလို အချိန်ပေးနိုင်တာ။"Mingyu ဗိုက်ဆာတယ် "
"ဟုတ်ပြီ ကိုယ့်အချစ်ဆုံး ကြိုက်တဲ့ မနက်စာ ပြင်ပေးမယ်နော် "
"မွ ……… အဲ့ဒါတွေကြောင့်ချစ်နေရတာ "
Wonwoo ကလေ သူများတွေနဲ့ဆို အေးဆေးတည်ငြိမ်သလောက် ကျွန်တော်နဲ့ဆို တကယ် ကလေးလိုပဲ အစစ အရာရာ ဂရုစိုက်နေရတယ်။ ကျွန်တော် ပြင်ပေးတဲ့ မနက်စာကို သူကအရမ်းသဘောကျတာ ။
အလုပ်တွေကများလာတော့ ချစ်သူဘဝလို နေ့တိုင်း မပြင်ဆင်ပေးနိုင်တော့ ဒီရုံးပိတ်ရက်လေး Wonwoo ဆိုးချင်တိုင်းဆိုးလို့ရတဲ့နေ့ပဲ
သူ့အကြိုက် မနက်စာပြင်ပေးနေတုန်းဆိုလဲ ဘေးကနေ လာနှိုက်စားလိုက် စလိုက်နဲ့ လုပ်နေတတ်တာ ။