16

92 8 0
                                    

Center Of Love -16

နိုးလာပြီလား း

ဟုတ်
လာ မနက်စာ စားရအောင် 

ဟုတ်

ဒီအိမ်မယ်က ကျွန်တော်နဲ့ pi ပဲရှိတာလား

အင်း အရင်ကတော့ အကို တစ်ယောက်ထဲ ခုတော့ gulf နဲ့ နှစ်ယောက်
အစားအသောက်ကတော့ ဘေးအိမ်က အဒေါ်ကြီးက ချက်ပေးတယ်

ဟုတ် 

ြခံဝန်းကျယ်ကြီးထဲ  စုပြီးနေကြတာ မသိရင် ရွာကြီး တစ်ရွာ တည်ထားသလိုပဲ

အင်း း  ဒီခြံဝန်းထဲမယ်နေတဲ့ လူတိုင်း ကိုယ်ပိုင် အလုပ်တစ်ခုဆီရှိကြတယ်  

ဟုတ် 

စားပြီးရင် gulf အကိုယ်နဲ့တစ်နေရာ လိုက်ခဲ့ရမယ်

ဟုတ်

ဟင်  ဒါက  

စာကြည့်တိုက်လေ 

စာကြည့်တိုက်  စာကြည့်တိုက် ဘာလုပ်မို့လဲ

gulf စာပြန်လေ့လာရမယ်

ဟာ 

မ  ဟာနဲ့ ဗျာ  

ဆေးမြစ်ဆေးရွက်တွေ အကြောင်း သိတယ်ဆိုတော့  ဆေးဘက်ဆိုင်ရာ စာတွေကိုသာ လေ့လာမယ်ဆို  ဘယ်လိုလဲ

ကဲရော့  

mew ပေးတဲ့ စာအုပ်ကို တောင်လှန်မြောက်လှန် လုပ်ရင်း း  နှတ်ခမ်းကတော့ ဆူထော်လျှက်

ကဲ စာ ကြည့်ပါဆို  ဒီစာအုပ် တစ်အုပ်လေ့လာပြီးရင်  ဟိုဘက် စခန်းကို လိုက်ပို့မယ် 

တကယ်နော်

အင်း း တကယ်ပေါ့ 

အဲ့ဆို စာကြည့်တော့ pi ပစ္စည်းတွေ သွားစစ်လိုက်အုံးမယ်

ဟုတ်

chern ရန်ကင်း အဖွဲ့အကြောင်း ဘာတွေသိခဲ့လဲ သူတို့စခန်းရော တွေ့ပြီလား

စခန်းတော့မတွေ့ဘူး း tharn  သူတို့အဖွဲ့က အစကတော့ ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ဖွဲ့စည်းခဲ့တဲ့ အဖွဲ့ပဲ
ခုနောက်ပိုင်း မကောင်းတဲ့ လက်အောက်ငယ်သားတွေကြောင့် အဖွဲ့က ဓါးပြ အဖွဲ့လိုကို ဖြစ်နေတာ

ဟုတ်တယ် tharn  ငါ သိတာက အဲ့အဖွဲ့က အစထဲက ဓါးပြတိုက်လုတယ်ဆိုပေမဲ့  မရှိတဲ့လူတွေကို ထောက်ပံ့တယ်ဆိုတဲ့ ကောလဟာလတွေ ရှိဖူးတယ် 

CENTER OF LOVEWhere stories live. Discover now