အပိုင်း (၁) [Unicode Version]

12.2K 197 0
                                    

ဒေါက်...ဒေါက်...ဒေါက်...

"ပိစိလေး....ပိစိလေးရေ နိုးပြီလား"

တံခါးခေါက်သံနှင့်အတူ ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာသော မေမေ့၏အသံကြောင့် အိပ်ယာထဲတွင် ဟိုဘက်သည်ဘက်လူးလှိမ့်ကာဖြင့် ကျွန်မအိပ်ရာမှ ထလာပြီးနောက် အခန်းတံခါးကို ဆွဲဖွင့်ပေးလိုက်သည်။ မျက်နှာထက်တွင် အပြုံးတစ်ခုကို ချိတ်ဆွဲပြီး ချိူမြိန်စွာပြုံးပြနေသည့် မေမေ့၏ရင်ခွင်ထဲကို တိုးဝင်ရင်း တစ်ကိုယ်လုံးပစ်မှီကာ လက်နှစ်ဖက်ဖြင့် ခါးကိုတင်းကြပ်စွာ ဖက်ထားမိသည်။

မေမေကတော့ ကလေးဆန်သည့် ကျွန်မ၏အပြုအမူကြောင့် သဘောတကျရယ်ရင်း ခေါင်းထက်ရှိဆံပင်များကို လက်ဖြင့်အသာအယာဆွဲဖွနေလေသည်။ နောက်တော့ ခါးမှာချိတ်တွယ်ကာ ဖက်ထားတဲ့ကျွန်မရဲ့လက်နှစ်ဖက်ကို ယူကာဆွဲချပြီးနောက်...

"ကဲ မျက်နှာသွားသစ်တော့ ပိစိလေး။ ဒီနေ့ မေမေတို့အိမ်ကို တီတီမေရီတို့ ရောက်မယ်။ ရေပါတစ်ခါတည်းချိူးပြီး အောက်ထပ်ကို ဆင်းလာခဲ့တော့နော်။ ပိစိလေးရဲ့တီတီတို့က မကြာခင် ရောက်လာတော့မှာ။"

" ဟုတ်ကဲ့ပါမေမေ..."

လက်တစ်ဖက်ကို နဖူးပေါ်မှာတင်ထားပြီး ခြေထောက်နှစ်ဖက်ကို သေချာစုရပ်ကာဖြင့် စစ်သားများအလေးပြုသည့်ပုံစံကို လုပ်ပြတော့ မေမေက ပြုံးပြပြီး ကျွန်မ၏ပါးတစ်ဖက်ကို ခပ်ဖွဖွဆွဲသွားသည်။ နောက်တော့ အိမ်အောက်ထပ်သို့ဆင်းသွားတော့သည်။

အောက်ထပ်သို့ မေမေဆင်းသွားတာနဲ့ တစ်ပြိုင်နက် အိပ်ခန်းထဲကိုပြန်ဝင်ပြီး ရေချိူးရန်အတွက် ပြင်ဆင်လိုက်သည်။ အားလုံးအဆင်သင့်ဖြစ်တော့မှ ရေချိူးခန်းထဲကိုဝင်ကာ ရေချိူးပြီးနောက် ခေါင်းပါလျှော်လိုက်သည်။ ရေချိူးခန်းထဲက ပြန်ထွက်လာတော့လည်း ခေါင်းကိုခြောက်အောင်သုတ်ပြီး ပန်းနုရောင်ဂါဝန်လေးကို ဝတ်ဆင်လိုက်သည်။ ဆံပင်ဂုတ်ဝဲလေးကို ဘီးနဲ့သေချာ​ြဖီ​းကာ မှန်ထဲမှာပေါ်နေသော ပါးဖောင်းဖောင်းနဲ့ ချစ်စရာအတိဖြစ်နေသည့် မိမိပုံရိပ်အားကြည့်ရင်း ကျေနပ်ပြုံး,ပြုံးလိုက်သည်။

First Love ( Normal Story Completed) Where stories live. Discover now