'အငယ်'ဟု ခေါ်လိုက်သည်နှင့်တစ်ပြိုင်နက် ပင်လယ်ပြင်ကြီးကို ငေးမောနေရာမှ ကျွန်တော့်ဘက်ကို လှည့်လာခဲ့သည်။ ကျွန်တော့်၏မျက်နှာကို ကြည့်နေရင်း ဘာပြောဖို့လဲဆိုသည့် အကြည့်ဖြင့် အငယ်က ကြည့်နေတာကြောင့် စကားစမှ ဖြစ်တော့မည်။
"အင်း ကိုယ်ပြောစရာလေးရှိလို့။ "
"ဟုတ်ကဲ့ ။"
အငယ့်၏စိတ်အာရုံအလုံးစုံက ကျွန်တော့်ထံမှာ သက်ရောက်နေတာကို အတည်ပြုပြီးတဲ့အခါမှာတော့ မျက်စိမှိတ်ကာ အသက်ကို ခပ်ပြင်းပြင်းရှုထုတ်လိုက်သည်။ပြီးနောက် အငယ့်၏မျက်ဝန်းတစ်စုံကို စိုက်ကြည့်လိုက်သည်။
"ကိုယ်က စကားလုံးလှလှတွေကိုသုံးပြီး ဖွဲ့ဖွဲ့နွဲ့နွဲ့တော့ မပြောတတ်ဘူး။ နောက်ပြီး ကွေ့ဝိုက်လည်း မပြောချင်တာကြောင့် အခုကိုယ်ပြောမယ့်စကားတွေကို အသေအချာ အလေးအနက်ထားပြီးတော့ စဉ်းစားပေးစေချင်တယ်။ ကိုယ်....အင်း...ကိုယ် အငယ့်ကို ချစ်တယ်။ ကိုယ့်အချစ်ကို လက်ခံပေးနိုင်မလား"
စကားအများကြီးမပြောတတ်သည့် ကိုဘုန်းက ထူးဆန်းစွာနဲ့ စကားအများကြီးပြောလာတာကြောင့် အာရုံစိုက်ကာ နားထောင်နေမိသည်။ သို့ပေမယ့် နောက်ဆုံးမှာပြောလိုက်သည့် စကားကြောင့် မျက်လုံးများပြူးကျယ်သွားပြီး ကျွန်မကို စိုက်ကြည့်နေသည့် ကိုဘုန်းအား မျက်နှာလွှဲလိုက်တော့သည်။
ဒါက ဘယ်လိုအခြေအနေကြီးလဲ။ သူနဲ့တွေ့ဆုံဖူးခဲ့တဲ့အချိန်တွေက သိပ်မများပါဘဲ ကျွန်မကို ချစ်တယ်ဟု ဆိုလာခဲ့သည်။ကိုဘုန်းအား နောက်နေတာလားဟုဆိုပြီး မေးလိုက်ချင်ပေမယ့်လည်း လေးနက်တည်ကြည်နေသည့် သူ့ရဲ့အမူအရာကြောင့် မမေးဖြစ်ခဲ့ပေ။ ဒီလိုနဲ့ပဲ အချိန်အတော်ကြာသည်အထိ ကျွန်မတို့နှစ်ယောက်စလုံး
စကားမပြောဖြစ်ကြဘဲ တိတ်ဆိတ်နေမိတော့သည်။ပတ်ဝန်းကျင်တစ်ခုလုံးမှာတော့ လူပေါင်းများစွာ၏အသံများက ဆူညံလျက်ရှိနေပေမယ့် ကျွန်မတို့၏အနီးတစ်ဝိုက်မှာတော့ ရေခဲတမျှ အေးစက်နေခဲ့သည်။ ထိုတိတ်ဆိတ်မှုအား ဖြိုခွဲသည့်သူကတော့ အစောလေးကမှ ကျွန်မကို ချစ်ရေးဆိုခဲ့သော ကိုဘုန်း၏အသံပင်ဖြစ်သည်။
DU LIEST GERADE
First Love ( Normal Story Completed)
Romantik"ကိုယ်သိပ်ချစ်ရတဲ့သူတစ်ယောက်ကို အပိုင်လိုချင်မိတာက လူတိုင်းရဲ့အတ္တပဲ မဟုတ်လား...."