ᴜɴɪᴄᴏᴅᴇ (အရွဲ့တိုက်မယ်)

2.3K 237 18
                                    

"ရိပေါ် မင်းကြည့်စမ်း! ဟိုမှာ ရှောင်းကျန့် မလား"

မျိုမချရသေးတဲ့ cola တွေ လည်ချောင်းဝမှာ မချိမဆံ့ကြီး။
မြင်ကွင်းလေးကတော့ ကြည်နူးဖို့ကောင်းသား။

သာမန် သမီးရည်းစားအတွဲ အပြန်အလှန် flirt နေကြတဲ့ မြင်ကွင်းဆိုပေမယ့်လို့ အဲ့နှစ်ယောက်ထဲက တစ်ယောက်သောသူဟာ မိမိရည်းစားဖြစ်နေတဲ့အခါ ဝမ်ရိပေါ်တို့ မည်သို့မျှ မကြည်နူးပေးနိုင်တော့ပါ။

ဖုန်းနံပါတ်တစ်ခုကို အလျှင်စလို message ပို့နေပေမယ့် မျက်လုံးတွေကတော့ ရှောင်းကျန့်တို့ ဝိုင်းဘက်မှာပဲ ရှိနေတယ်။

"ဒီအတိုင်းပဲကြည့်နေတော့မှာလားဟ၊ သွားခေါ်လေ"

"ဘာလဲ! ဂုတ်ကနေဆွဲပြီးခေါ်လာရမှာလား ငါက"

"လုပ်သင့်ရင်လုပ်ကွာ! အဲ့ကောင်ငါ့သူငယ်ချင်းပေမယ့် များနေပြီ"

"မလိုပါဘူး၊ မင်းစောင့်ကြည့်နေလိုက် လင်းရှောင်"

မိနစ်ပိုင်းလောက်သာကြာတဲ့ အချိန်လေးအတွင်း ဝမ်ရိပေါ်အနား ခပ်လန်းလန်းကောင်မလေးတစ်ယောက် ရောက်လာခဲ့တယ်။

"အဟက် တွေ့ကြပြီပေါ့ ရှောင်းကျန့်ရယ်"

တွဲလိုက်ပြတ်လိုက် ကောက်လိုက်ဖြောင့်လိုက်နဲ့ စိတ်မမှန်တဲ့ ထိုအတွဲကြား ဉာဏ်မမီရှာတဲ့ လင်းရှောင်လေးခမျာ ခေါင်းတကုတ်ကုတ်နဲ့။

ဖရီးကုန်းဆင်းရမယ်ဆိုတဲ့ ရိုးရိုးရှင်းရှင်း အတွေးလေးတစ်ခုတည်းကြောင့် ကြက်ကြော်ဆိုင်ကို လိုက်ခဲ့တာလေ။

အခု စောက်ပြသနာက စပြန်ပြီလား။

အားယားပြီး 'ဟိုမှာ ရှောင်းကျန့်' လို့ အော်ခဲ့မိတဲ့ ပါးစပ်လေးကို အပြစ်ပေးတဲ့အနေနဲ့ ကြက်ပေါင်တစ်ချောင်း ဆို့ထားပစ်လိုက်တယ်။ ကိုယ်လည်း မနစ်နာရအောင်။

_

"ထိုင်လို့ရလား ရှောင်းကျန့်"

လူမရှိတဲ့ ပတ်ပတ်လည် ဘေးဝိုင်းက ခုံအလွတ်လေးတွေဟာ မျက်နှာလေးတွေငယ်လို့။

ရှောင်းကျန့်ကို တမင်သက်သက် ကလိချင်လို့ကို တစ်ဝိုင်းတည်းလာထိုင်တာ။
နောကျေနေပြီးသာ ရှောင်းကျန့်ကတော့ မျက်နှာတစ်ခုလုံးကို ရှုံ့တွလို့ထားတယ်။

ʀᴀɴᴅᴏᴍ (explicit)Where stories live. Discover now