ᴢᴀᴡɢʏɪ (အကြိုလက်ဖွဲ့)

90 8 0
                                    

"လင်းရှောင်၊ ဝမ်ရိပေါ် အခုတလောဘာတွေလုပ်နေလဲ မင်းသိလား "

"မင်းတို့တစ်အိမ်ထဲ နေကြပြီးတောင် မသိတာ ငါကသိမလား"

"သူငါ့ကို ရှောင်နေတယ်"

"မင်းတို့ ကိုက်ထားကြလို့ဖြစ်မှာပေါ့"

"ဒီတစ်ပတ်လုံး ရန်မဖြစ်ရသေးဘူး၊ ဒါပေမယ့် ရိပေါ်က ငါနဲ့ မျက်နှာချင်းမဆိုင်ဘူး၊ မင်းပြော သူစော်အသစ်ရနေတာမလား"

"ခွီး ဟား ဟား အဲ့ကောင်ကြီးက မင်းကလွဲပြီး တခြားဘယ်သူ့ကိုများ စိတ်ဝင်စားတာတွေ့ဖူးလို့လဲ၊ စော်အသစ်ထားချင်းထား မင်းကသာထားမှာ ရှောင်းကျန့်"

"သူ တစ်ချိန်လုံး နားကြပ်တပ်ပြီး ဖုန်းပဲသုံးနေတာ၊ အဲ့တာ အရမ်းထူးဆန်းနေတယ်မထင်ဘူးလား၊ ငါ့ကိုတောင် ဂရုမစိုက်ပဲနဲ့လေ"

ရှောင်းကျန့်အသံက ပြောရင်းပြောရင်း ငိုသံပါလာတယ်။  အဲ့တာပဲ စောင်အတွဲတွေ။  အဆင်ပြေနေရင် ငါ့ကိုလူရာမသွင်းကြဘူး။ ပြသနာတတ်ရင်တော့ ငါ့ကိုသတိရကြပြီ။

လင်းရှောင် ဟိုဆက်စပ်ဒီဆက်စပ် တွေးမိတော့ ဗြုန်းကနဲ သတိရသွားတယ်။

ဟိုနေ့က  porn site သုံးလေးခုကို မင်္ဂလာအကြိုလက်ဖွဲ့ဆိုပြီး  ရိပေါ်ဆီ စောက်ခွက်ပြောင်ပြီး ပို့ခဲ့တာ။

ဒီကောင် အဲ့တာတွေကို တစ်နေကုန်တစ်နေကမ်းထိုင်ကြည့်နေတာများလား။

ရှောင်းကျန့်ကိုတော့ မသိချင်ယောင်ဆောင်ပြီး မြှောက်ပေးလိုက်တယ်။ မျက်နှာချင်ဆိုင်ပြီး ဒဲ့သာမေးကြည့်တော့လို့။

_

"ဟျောင့် တံခါးကို ချီးမလို့ လော့ချထားတာလား!! ဖွင့်! ဖွင့်လို့!!"

*ဝုန်း *ဒုန်း

တံခါးခေါက်သံတောင် မဟုတ်ဘဲ တံခါးချပ်ကို ကိုယ်လုံးနဲ့ ပစ်တိုက်နေတဲ့ အသံက တစ်အိမ်လုံးကိုတောင် သိမ့်သိမ့်ခါတော့မတတ်။ ရိပေါ် နာရီတစ်ချက် ကောက်ကြည့်တော့ အချိန်က အခုမှ ညနေခြောက်နာရီခွဲစွန်းစွန်း။

macbook ကို ပြီးပြီးရော ပိတ်ပစ်ရင်း အခန်းတံခါးဝဆီ ထပြေးရသေးတယ်။ ရှောင်ရှောင်းကျန့်က လူကောင်သာသေးတာ ဒီလောက် ဝုန်းဒိုင်းကြဲနေတဲ့ အသံအရ တစ်ကိုယ်လုံးမှာ အကိတ်ဆုံး မက်မွန်သီးနဲ့ တံခါးကို ပြေးတိုက်နေလားမသိ။

ʀᴀɴᴅᴏᴍ (explicit)Where stories live. Discover now